မနက်မိုးလင်းသောအခါ
"အကိုလေးဝိုင်းဝင်လာလို့ရမလား"
"အာ..ရပါတယ်ဗျ"
အဒေါ်ကြီးဝင်လာသောအခါသူမမျက်နှာသည်ကျွန်တော့်အားကြည့်ပြီးအလွန်အမင်းလန့်သွားသယောင်..
"အကိုလေးဝိုင်း..အကိုလေးပြန်ရောက်ပါပြီ.အကိုလေးဝိုင်းကိုခေါ်ခိုင်းလိုက်လို့...ဆင်းလာခဲ့ပါတဲ့"
"ဟုတ်ကဲ့ပါဒေါ်...."
"ဪ..ဒေါ်လေးလေးငယ်ပါ..ဒေါ်ငယ်လို့ခေါ်လို့ရပါတယ်.."
"ဟုတ်ကဲ့ပါကျွန်တော့်ကိုလည်းဝိုင်းလို့ပဲခေါ်ပါဗျ..ကျွန်တော်ခဏနေဆင်းခဲ့ပါ့မယ်.."
ဒေါ်ငယ်ပြန်ထွက်သွားပြီးနောက်ကျွန်တော်မျက်နှာသစ်ရန်ရေချိုးခန်းထဲကမှန်ကိုကြည့်မိချိန်တွင်...ကျွန်တော့်ကိုယ်ကျွန်တော်တောင်ပြန်လန့်ချင်သွားသည်...ညကတအားငိုထားသည့်အတွက်မျက်လုံးများနီရဲအစ်ကာဖောင်းမို့နေသည်ကအလွန်သိသာနေသည်။...ထို့နောက်မျက်နှာသစ်ရေချိုးကာချစ်ရသူ၏အမျက်ကိုခံရန်အတွက်အောက်ထပ်ဆီသို့....
"ကိုရှိန်း..."
"ဒီမှာလာထိုင်.."
ကျွန်တော်နေရာယူပြီးသည်နှင့်ကိုရှိန်းသည်ကျွန်တော့်အားခက်ထန်သောမျက်နှာထားနှင့်ကြည်ကာစာရွက်၁ရွက်လှမ်းပေးသည်
"ဖတ်ကြည့်..မင်းလိုက်နာရမယ့်အချက်တွေ"
(1)ကျောင်းကိုအဝေးသင်ပြောင်းရမယ်
(2)ငါ့companyမှာအလုပ်လုပ်ရမယ်
(3)ငါ့ခွင့်ပြုချက်မရှိဘဲဘယ်သူနဲ့မှမတွေ့ရဘူး
(4)ငါ့ခွင့်ပြုချက်မရှိဘဲငါ့ကိုမထိရဘူး
(5)ငါ့အခန်းထဲမဝင်ရဘူး
(6)ငါ့ကိစ္စတွေဝင်မစွက်ဖက်ရဘူး
(7)ငါလိုရင်ငါ့ခင်ပွန်းအဖြစ်နေပေးရမယ်(dinnerတွေmeetingတွေ)
(8)မလိုအပ်ရင်ငါ့ကိုစကားလာမပြောရဘူး
(9)အရေးကြီးအကြောင်းကိစ္စမရှိဘဲငါ့ကိုဖုန်းမဆက်ရဘူး
(10)ပြီးတော့ငါနဲ့ထမင်းလက်ဆုံမစားပါနဲ့ငါမင်းမျက်နှာမြင်ရင်မျိုမကျမှာစိုးလို့"သဘောတူရင်လက်မှတ်ထိုးလိုက်..."
ရင်ထဲမှာတင်းကြပ်လာသောဆို့နင့်ချင်းများနှင့်အတူမျက်ရည်ပေါက်တို့သည်လည်းမဖိတ်ခေါ်ပါပဲနှင့်မျက်လုံးအိမ်ထဲတွင်နေရာယူလာကြသည်။ငိုနေသောကျွန်တော့မျက်နှာသည်ကိုရှိန်းအတွက်အနှောင့်အယှက်ဖြစ်မည်စိုး၍လက်မှတ်ကိုမြန်မြန်ထိုးကာထထွက်ရန်ကြိုးစားခဲ့သည်။
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...