ကျွန်တော်မဟုတ်သောသူမနှင့်ပျော်နေသောလူကြီးကိုကြည့်ကာရင်ထဲတွင်မခံစားနိုင်တော့သည့်အဆုံးအခန်းထဲသို့သာပြန်လာခဲ့သည်...ကျွန်တော့်အဖြစ်ကိုကျွန်တော်သနားမိသွားသည်...
အရင်တုန်းကလည်းကျွန်တော်ကပဲတဖက်သက်ချစ်ခဲ့ရပြီကျွန်တော်ကပဲတဖက်သက်သဝန်တိုခဲ့ရတာပဲ...သူကတော့ကျွန်တော့်ကိုလှည့်တောင်မကြည့်ခဲ့ဘူးပဲ...ဒါဆိုကျွန်တော်မေ့နေတုန်းကသူပြောတာတွေကကော..သူကျွန်တော့်ကိုထပ်ပြီးအသုံးချဦးမလို့လား...ဒီ၁ခါဆိုကျွန်တော်ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး.....ကျွန်တော်သူ့ကိုပစ်ပစ်ခါခါမုန်းပစ်ချင်တယ်...ပြန်မှတ်မိပေးတဲ့ဦးနှောက်ကိုလည်းမုန်းတယ်.. သူ့ကိုချစ်နေတဲ့ကျွန်တော့်ကိုကျွန်တော်လည်းမုန်းတယ်..ဒါပေမဲ့သူ့ကိုတော့မမေ့ပစ်ချင်ဘူး...ဘာလုပ်ရမလဲ....ကျွန်တော့ရင်ကိုမခွဲပါနဲ့တော့လား....
"ဝိုင်း!!ဝိုင်း.."
ရှိန်းအခန်းထဲသို့ဝင်လာပြီးနောက်သူ့အားကျောပေးထိုင်နေသောကောင်လေးကိုခေါ်နေသော်လည်းလှည့်မကြည့်..ခန္ဓာကိုယ်လေးသည်သိမိ့သိမ့်တုန်နေသည်...
"ဝိုင်း..ငိုနေတာလား...ဘာလို့လဲ...ဘာလို့လဲဟင်.."
ထိုကောင်လေး၏မျက်ရည်၁စက်သည်ယခုချိန်မှာတော့ကျွန်တော့်ကမ္ဘာကြီးကိုပြာကျသွားစေသည်...
"အဟင့်...ဘာမှမဟုတ်ဘူး..."
ခေါင်းငုံ့၍သာဖြေလာလေသည်.....
"ဘာမှမဖြစ်ရင်ကိုယ့်ကိုကြည့်..."
"ဟင့်အင်း...မကြည့်ဘူး..ဒီနေ့နေမကောင်းလို့ပါ...ဘာမှမဖြစ်ဘူး...."
ဒီကလေးလိမ်နေပြန်ပါပြီ...ဘာလို့လဲဝိုင်းရယ်...ကိုယ့်ကိုဘာလို့မပြောပြနိုင်ရတာလဲ.....
"ဒီနေ့ကိုခန့်နဲ့အိပ်လိုက်မယ်...သူဌေးကိုအဖျားကူးမှာစိုးလို့...."
"ရပါတယ်...မဟုတ်တာ...ကိုနဲ့ပဲအိပ်....ကိုအဆင်ပြေတယ်....."
"ဟင့်အင်း...ရတယ်..ကိုခန့်နဲ့ပဲသွား..."
"တော်တော့!!!မကြားချင်ဘူးကိုခန့်ဆိုတာကို..."သူအော်လိုက်မိတော့မျက်ရည်လေးတွေဝိုင်းလာကာအော်ငိုလေရဲ့.......
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...