ဒေါက်တာနှင့်ဆွေးနွေးပြီးနောက်ကျွန်တော်အိမ်သို့ပြန်လာရန်ဆေးရုံမှထွက်လာခဲ့သည်။
ဆေးရုံရှေ့ရောက်တော့ကားငှားရန်ကြည့်မိသောအခါကျွန်တော်ဝတ်လာသောအကျီနှင့်အိပ်ကပ်ထဲတွင်ပါလာသောဖုန်းသာပါသည်။
ကျွန်တော်ဘယ်လိုပြန်ရမလဲ...ဒေါက်တာ့ဆီကပိုက်ဆံချေးသွားရမလား...မကောင်းပါဘူးလေ..ကိုရှိန်းကလည်းအရေးကြီးကိစ္စမဟုတ်ရင်ဖုန်းမဆက်ခိုင်းဘူး..ဘယ်လိုလုပ်ရမလဲ...ထို့နောက်ကျွန်တော့်အိပ်ကပ်များကိုလှန်လှောကာရှာဖွေတော့သည်။"ဟူး...ကံကောင်းလိုက်တာ..".ဘောင်းဘီအိတ်ကပ်ထဲတွင်မျက်နှာငယ်စွာထိုးထည့်ခံထားရသော၂ရာတန်လေး၂ရွက်သည်ကျွန်တော့်အားဝင့်ကြွားလျက်ကြည့်နေကြသည်။....ဘတ်စ်ကားစီးသွားလို့ရပြီ...
ဘတ်စ်ကားပေါ်တွင်ကျွန်တော်ဒေါက်တာပြောသောကိစ္စကိုပြန်စဥ်းစားမိနေသည်။ကျွန်တော်သည်မေမေ့ဆီကမျိုးရိုးလိုက်တက်သောရောဂါဖြစ်သည့်ဦးနှောက်အကျိတ်ရောဂါကိုရရှိခဲ့သည်။ကျွန်တော်သိလိုက်ရသည့်အချိန်သည်ကျွန်တော်second year လောက်ကဖြစ်မည်။ခေါင်းခဏခဏကိုက်လို့ဒေါက်တာနှင့်သွားပြကြည့်ရာမှဦးနှောက်အကျိတ်ဖြစ်နေမှန်းသိရသည်။မေမေ့မှာလည်းဦးနှောက်အကျိတ်ရှိသည်။မေမေကတော့အချိန်မှီသိပြီးကုလိုက်လို့ပျောက်ကင်းသွားပြီ။.အယ့်ရောဂါကမျိုးရိုးလိုက်တက်တော့မေမေနဲ့ဖေဖေကကျွန်တော်နဲ့မမအတွက်အရမ်းစိုးရိမ်နေခဲ့တာ။ခုအယ့်ရောဂါကကျွန်တော့်မှာဖြစ်နေပြီလေ။ကျွန်တော့ကံကြမ္မာပဲပေါ့။
ဒေါက်တာကတော့အယ့်ရောဂါကခွဲစိတ်လို့လည်းရသလိုကင်ဆာဆေးသွင်းလို့လည်းရတယ်ပြောတယ်။ဒါပေမဲ့ကျွန်တော်ကင်ဆာဆေးတော့မသွင်းချင်ပါ။ခွဲစိတ်လျှင်လည်းအခန့်မသင့်ရင်မှတ်ညာဏ်တချို့ပျောက်သွားတာတို့ကိုမာဝင်တာတို့ဖြစ်တက်တယ်တဲ့...
ကျွန်တော်မခွဲရင်လည်းသေမှာပဲ..ခွဲရင်လည်းအခန့်မသင့်ရင်ကို့ကိုမေ့သွားရမှာလေ။အယ့်လိုတော့မဖြစ်ချင်ပါ။ကျွန်တော်ကအသက်ဆက်ရှင်နေလည်းကို့အတွက်ကအပြစ်သားပဲမလား။တစ်ဘဝမှာတခါပဲဖြစ်ပေါ်လာတဲ့ဒီချစ်ခြင်းလေးကိုတော့ကျွန်တော်မမေ့ချင်ပါ။ကျွန်တော့ချစ်ရသူကိုနှလုံးသားထဲမှာထာဝရသိမ်းထားချင်တယ်။ဖေဖေ၊မေမေ၊မမတို့ရယ်ဒီသားမိုက်ကိုခွင့်လွှတ်ပါ။ဖေဖေတို့မေမေတို့ရင်နာမှာကိုသိပေမဲ့လေသားရဲ့နှလုံးသားအလိုကိုအတ္တကြီးစွာလိုက်ခွင့်ပြုပါ။.....
ESTÁS LEYENDO
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...