"အကို..ကျွန်တော့်ကိုအကို့နာမည်ကတ်လေးပေးလို့ရမလား..."
"အင်းရပါတယ်"
"ကျေးဇူးပါဗျ"
လိပ်စာကတ်ရသွားသောအခါအပျော်ကြီးပျော်နေသောကောင်လေး...
"ကျေးဇူးပါအကို...ကောင်းကောင်းပြန်ပါ"
"အင်းသွားပြီညီလည်းဂရုစိုက်"
"ဟုတ်"
ဝိုင်းတစ်ယောက်ထိုအကိုပြန်သွားသည်နှင့်ထော့နဲ့ထော့နဲ့လေးနှင့်အိမ်ထဲသို့ဝင်ခဲ့လေသည်....
"ဝိုင်းဘယ်ကပြန်လာတာလဲ....စောနလိုက်ပို့တာဘယ်သူလဲ"
"ဒီလိုပါပဲ...အသိပါ"
"ဝိုင်းကို့ကိုမလိမ်နဲ့နော်ဝိုင်းမှာအိမ်ထိလိုက်ပို့ရလောက်တဲ့အသိမရှိဘူး"
"အာ့ဆိုလည်းကိုမသိတဲ့အသိလို့မှတ်လိုက်ပေါ့"
"ဝိုင်း!"
လက်မောင်းနှစ်ဖက်ကိုအားနှင့်ညှစ်ကိုင်မိသောအခါ..
"အ့...အဟင့်...အီးဟီး."
"မငိုနဲ့ဝိုင်းပြောပြမှကိုယ်လွှတ်မယ်"
ထိုအခါလက်ကိုအတင်းရုန်းကာထော့နဲ့ထော့နဲ့နှင့်နောက်ဆုတ်သွားသည်....
"ဝိုင်းခြေထောက်က.."
"သွား!လာမမေးနဲ့.."
"ဝိုင်းရယ်ကိုတောင်းပန်ပါတယ်...ကိုမမြင်လို့ပါ..ဝိုင်းရယ်..ဘာဖြစ်တာလဲဟင်"
"သွား..ခုမှလာမေးမနေနဲ့ခြေထောက်တချောင်းလုံးပတ်တီးစီးထားတာတောင်မတွေ့ပဲနဲ့...ဟင့်.."
"ဝိုင်းရယ်ကိုတောင်းပန်ပါတယ်..ကိုကြောက်သွားလို့ပါ...ဝိုင်းတခြားလူကိုချစ်သွားမှာကိုယ်ကြောက်လို့ပါ...ဝိုင်းကိုတခြားတယောက်နဲ့မြင်ရင်ကိုမခံစားနိုင်လို့ပါ..ကိုယ့်ဆီကနေထွက်သွားမှာစိုးရိမ်လို့ပါ...ကိုယ်အယ့်တာကြောင့်..ဝိုင်း..ဝိုင်းကို..."
"လာဒီကို...ဟင့်"
ကုတင်ပေါ်တွင်ထိုင်လျက်လက်လေးရှေ့ဆန့်ကာငိုနေသောမျက်နှာလေးနှင့်သူ့ရင်ခွင်သေးသေးလေးထဲလာရန်ခေါ်နေပြန်သည် ...
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...