အခန်းထဲသို့ရောက်သွားသောအခါတိတ်ဆိတ်နေသောအခန်းကျဥ်းလေး၏ထောင့်ရှိ၁ယောက်အိပ်ကုတင်လေးပေါ်သို့မီးပိတ်ကာတက်လာကြသည်။နံရံရှိနေလို့သာအိပ်ရတာနဲနဲအဆင်ပြေနေခြင်းဖြစ်သည်။နို့မို့ဆိုနှစ်ယောက်လုံး၁ညလုံးပြုတ်ကျနေမယ့်အဖြစ်။မဆဲသေးသောမိုးသည်ဒေါသထွက်၍အော်ငိုနေသလိုပင်၊လေကြမ်းများတိုက်ကာပို၍ပင်သည်းထန်လာခဲ့သည်။လျှပ်စီးများလက်ကာမိုးကြိုးများတဂျိမ်းဂျိမ်းနှင့်အဲကွန်းမရှိသောအခန်းလေးထဲထိပင်စိမ့်ချမ်းလာခဲ့သည်။
မီးအိမ်လေးကိုဖွင့်ကာနှစ်ဦးသား တစ်ထည်တည်းသောစောင်ကိုခြုံလိုက်ကြသည်။
ဘာရယ်ကြောင့်မသိကျွန်တော့်ရင်တွေခုန်ပြီးရင်းခုန်နေခဲ့သည်..တားလို့ပင်မရ...ကုတင်သေးသေးလေးတွင်လူ၁ယောက်နှင့်ပထမဦးဆုံးတူတူအိပ်ရလို့များလား...ဒါမှမဟုတ်သူ့ကြောင့်လား...အာ..ထားပါ..မနက်အလုပ်တက်ရမယ်..အိပ်ပျော်အောင်အိပ်ရမယ်။အိပ်ပျော်အောင်အိပ်ရမယ်....
ကျွန်တော့်ဘေးတွင်ကိုယ်လေးကွေးကာအိပ်နေသောဝိုင်းလေး၏မျက်နှာလေးသည်ပဂတိအပြစ်ကင်းစင်လျက်..ကျွန်တော်ကြည့်နေရသည်ကိုပင်အားမရသောကြောင့်မျက်နှာအနှံ့ဖွဖွလေးလိုက်ကိုင်နေမိသည်။
မျက်လုံးလေး
နှာခေါင်းလေး
နှုတ်ခမ်းလေး.
ပါးလေး
နားရွက်လေး...
၁ခုမကျန်အလွတ်မှတ်သားနေခဲ့သည်...."ပြွတ်...ချစ်တယ်"...အိမ်မက်လှလှမက်ပါစေ...တီးတိုးလေးပြောရင်းသာကျွန်တော်လည်းအိပ်စက်ခြင်းစီသို့.....မိုးလင်းသောအခါမျက်စိဖွင့်လိုက်သည်နှင့်ကျွန်တော်နှင့်မျက်နှာချင်းဆိုင်လျက်ခန့်ညားသောမျက်နှာ၁ခု...အိပ်စက်နေသည်မှာအလွန်အေးချမ်းလှသည်...မနက်ခင်း၏အလင်းရောင်ဖျော့ဖျော့အောက်တွင်သူသည်တောက်ပနေခဲ့သည်...ကျွန်တော်တောင်မသိလိုက်ခင်မှာပဲသူ့ပါးပေါ်တွင်ကျွန်တော့်လက်ရောက်နေခဲ့သည်....ထို့နောက်မျက်လုံးများပွင့်လာကာကျွန်တော့ကိုကြည့်နေခဲ့သည်။ကျွန်တော်လည်းရုတ်တရက်လက်ဖယ်ဖို့ပင်သတိမရ....ကျွန်တော့်ကိုတလှည့်သူ့ပါးပေါ်ကလက်ကိုတလှည့်နှင့်ကြည့်ရင်းသူအလုပ်ရှုပ်နေခဲ့သည်......
BINABASA MO ANG
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...