အေးစက်သောပြင်ဦးလွင်မြို့၏အအေးဒဏ်သည်ကျွန်တော်တို့နှစ်ဦးကြားထဲသို့မြူမှုန်မျှပင်တိုး၍မဝင်နိုင်ပါ။မနက်ခင်း၏လှပသောနေရောင်ခြည်လေးအောက်တွင်ကျွန်တော့်ရင်ဘက်ထဲ၌ဖြူစင်စွာအိပ်ပျော်နေသောကလေးငယ်လေးသည်အလွန်ချစ်ဖို့ကောင်းလှသည်။...ညကတော်တော်ပင်ပန်းသွားသည်ထင်တုပ်တုပ်တောင်မလှုပ်သေး....ထို့နောက်အိပ်ပျော်နေသောခလေးငယ်၏မျက်နှာအနှံ့အနမ်းခပ်ဖွဖွလေးများပေးနေမိသည်.....
မျက်လုံးလေး...ရွှတ်...
နှာခေါင်းလေး..ရွှတ်...
နှုတ်ခမ်းလေး..ပါးလေး...နားရွက်လေး...နှဖူးလေး..
နေရာလပ်၁ခုတောင်မကျန်ပေးနေမိသည်။ကျွန်တော့်ဝိုင်းလေးကိုကျွန်တော့်လက်ထဲမှပြန်ပြေးထွက်သွားမှာသိပ်ကြောက်မိသည်။ပိုတိုး၍ပင်ဖတ်ထားမိသည်။"အင့်....အသက်ရူကျပ်လာပြီ..."
"နိုးပြီလားကို့ယ်လမင်းလေး..."
မျက်လုံးနှစ်လုံးပွင့်ပြီးကျွန်တော်နှင့်မျက်လုံးချင်းဆုံတာနဲ့မျက်စိကြီးမှိတ်ကာရင်ခွင်ထဲသို့ခေါင်းတိုးပြီးရှက်နေသောကလေးငယ်...
"ဟင့်...လူဇိုးကြီး...သူများရဲ့ပထမဆုံးလေးကိုနဲနဲမှညှာတာမပေးဘူး...."
"ဟင်..ဒုတိယပါကလေးရဲ့....."အ့!!"
နှာခေါင်းကိုဆွဲလိမ်လိုက်သောလက်သေးသေးလေး...
"ဘာဒုတိယလဲ..လာလိမ်မနေနဲ့..အကုန်သိတယ်နော်..ကို...သူဌေး...ခဗျား...."
"ကိုလို့ပဲခေါ်ပါကလေးရယ်...ကိုကြားချင်နေပြီ...ပြီးတော့ကို့ယောကျာ်းပဲဟာရှက်မနေနဲ့....အား!!"
"တော်တော်ကဲနေတယ်ဟုတ်လား...သူများသားသမီးကိုနှိပ်စက်ထားပြီးတော့......"
"ဟား..ဟား...ဟုတ်ပါဘူးဆိုကွာ...."ရယ်မောစွာပြန်ဖြေရင်းကလေးငယ်လေးကိုချုပ်ကာကလိထိုးတော့အသံဆာဆာလေးတွေကထွက်လာလေသည်.....
"အား..ယားတယ်...မလုပ်နဲ့....အား.....အယ့်နေရာကိုမထိနဲ့လို့...."
ရယ်သံလေးများဖြင့်လွှမ်းမိုးနေသောမနက်ခင်းလေးသည်သာယာကြည်နူးဖွယ်အတိပြီးလျက်....တစ်သက်လုံးဒီလိုလေးပဲနေပါရစေလေ......
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...