ဝိုင်းကို operationလုပ်ပြီး၁ပတ်စောင့်ကြည့်ပြီးနောက်လူနာခန်းထဲသို့ရွေ့လာခဲ့သည်။
ဝိုင်းစက်နေသောမျက်လုံးလေးများ၏အလှသည်ပိတ်ထားသောမျက်ခွံများကြောင့်မပေါ်နိုင်တော့ပါ။နက်မှောင်ကာအိကျနေသောဆံပင်လေးများသည်လည်းoperationကြောင့်စွန့်ပစ်ခံလိုက်ရပြီ။ဆေးမကူဘဲနီရဲနေတက်သောနှုတ်ခမ်းလေးများသည်ဖြူဖြော့ကာပြည့်ဖောင်းနေသောပါးလေးများသည်လည်းပိန်လှီနေခဲ့ပြီ။ဆေးပိုက်တန်းလန်းနှင့်ကုတင်ပေါ်တွင်မလှုပ်မလျက်လှဲလျောင်းနေသောကလေးငယ်ကိုဆက်မကြည့်ရက်နိုင်တော့ပါ။ဒါတွေအကုန်လုံးကသူ့ကြောင့်ဖြစ်လာရတာပါဆိုတဲ့အတွေးနဲ့ကောင်လေးတစ်ယောက်သည်လည်းသူ့ရင်ခွင်ကိုထုလျက်ကားထဲတွင်တယောက်တည်းငိုကြွေးနေမိသည်။
ညရောက်သောအခါ....
"ဖေဖေနဲ့မေမေတို့ပြန်နားလိုက်ပါ။ကျွန်တော်စောင့်လိုက်ပါ့မယ်။ကျွန်တော်ဝိုင်းနဲ့လည်းစကားပြောချင်လို့ပါ.."
"ညီနဲ့ညီမအဖေနဲ့အမေကိုပြန်ပို့ပေးပါနော်။ပြီးရင်မင်းတို့လည်းပြန်လိုက်ပါကိုယ်စောင့်လိုက်မယ်..."
အကုန်လုံးပြန်သွားပြီးနောက်တိတ်ဆိတ်သွားသောအခန်းငယ်လေးထဲတွင်ဝိုင်းနှင့်ကျွန်တော်သာကျန်နေခဲ့သည်။ထို့နောက်အိပ်စက်နေသောကလေးငယ်နားတွင်ထိုင်လိုက်ကာလက်ကလေးကိုကိုင်လျက်...
"ဝိုင်းလေးကိုမင်းကိုကိုယ့်ရဲ့လျို့ဝှက်ချက်လေးတွေပြောပြမယ်နော်သေချာနားထောင်နေနော်...."
"ဟိုးလွန်ခဲ့တဲ့၁၀နှစ်တုံးကလေ......
ကို့၁၆နှစ်ပြည့်မွေးနေ့မှာကိုယ့်ဖေဖေနဲ့မေမေကအလုပ်တွေအရမ်းရှုပ်နေလို့မအားလို့ဆိုပြီးကို့မွေးနေ့ကိုအယ့်နှစ်ကမလုပ်ရဘူး...အယ့်တာနဲ့ကိုစိတ်ဆိုးပြီးအိမ်ကထွက်လာခဲ့တယ်...လျှောက်မိလျှောက်ရာလျှောက်လာပြီးဘယ်တွေရောက်လာခဲ့မှန်းလည်းမသိခဲ့ဘူး....ကိုလည်းမထူးပါဘူးဆိုပြီးဆက်လျောက်လာတော့လေအရက်မူးနေတဲ့လူကြီး၂ယောက်နဲ့တွေ့တယ်။သူတို့ကကိုယ့်ပုံစံကိုကြည့်ပြီးတော့ပိုက်ဆံရှိမယ့်ပုံပဲဆိုပြီးကိုယ့်ကိုဖမ်းဖို့လုပ်တော့ကိုလည်းကြောက်အားလန့်အားနဲ့ငိုပဲငိုနေမိတယ်...တကယ်ဆို၁၆နှစ်ကငယ်တော့တဲ့အရွယ်မှမဟုတ်တာကိုပြန်ရင်ဆိုင်ရမှာကို..ဟား..ဟား...ကိုကအယ့်ကတည်းကသတ္တိကြောင်တယ်နော်...ကဲထားပါတော့...ကိုယ်ကငိုနေတော့သူတို့ကကို့ကိုရိုက်မယ်လုပ်တော့လေ....ရပ်လိုက်ဆိုတဲ့အော်သံပိစိလေးထွက်လာတယ်သိလား....အကျီစွပ်ကျယ်လေးနဲ့ဘောင်းဘီတိုနဲ့ကိုယ့်ထက်ငယ်တဲ့ကောင်သေးသေးလေးတယောက်ကလေသူ့ထက်တောင်ကြီးတဲ့ဒုတ်ကြီးကိုဆွဲလာပြီးကို့ရှေ့မှာကာရပ်ပြီးဟိုလူနှစ်ယောက်ကိုရန်တွေ့နေတာသိလား....သူ့အသံပိစိလေးကလေတဖြည်းဖြည်းကျယ်လာတော့မှဟိုလူနှစ်ယောက်ကလူတွေကြားမှာစိုးလို့လန့်ပြီးသူ့ကိုပုလင်းကွဲအချွန်နဲ့ကျောကိုခြစ်ပြီးထွက်ပြေးသွားခဲ့တယ်လေ....ဘယ်လောက်တောင်ယုတ်မာလိုက်လဲ...ဟိုလူတွေလည်းသွားရောသူကလေသူ့ဒဏ်ရာနာနေတာတောင်မအော်တဲ့အပြင်ကို့ကိုယ်ပြန်ပြီးအဆင်ပြေရဲ့လားတဲ့၊ဘယ်နားနာသွားသေးလဲတဲ့...ဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲကွာ...နော်....ခဏကြာတော့ကို့မေမေနဲ့ဖေဖေကကိုယ့်ကိုလိုက်ရှာရင်းကိုတို့ရှိတဲ့နေရာကိုရောက်လာကြပြီးကို့ကိုခေါ်သွားခဲ့တယ်လေ...အယ့်ခလေးလေးကတော့ကို့ကိုပဲကြောင်ကြည့်နေခဲ့တာ...ခဏကြာမှသူလှည့်ထွက်သွားခဲ့တယ်။ကိုလေသူ့ကျောကခြစ်ရာကြီးကိုခုထိမြင်နေတုံးပဲ...အယ့်နောက်ပိုင်းသူ့ကိုလိုက်ရှာခဲ့ပေမယ့်ဘယ်မှာမှမတွေ့တော့ဘူးလေ....။
တနေ့ကျတော့ကံတရားကသူ့ကိုပြန်တွေ့ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ဒါပေမဲ့လေကိုသူ့ကိုမမှတ်မိနိုင်ခဲ့ဘူး...ကိုဘွဲ့ယူတဲ့နေ့ကို့အိမ်မှာပါတီလုပ်တဲ့နေ့ကဝိုင်းမွေးနေ့လေ။တကယ်တော့အယ့်နေ့ကဝိုင်းနဲ့ကိုဘာမှမဖြစ်ခဲ့ကြဘူးသိလား...ဝိုင်းကိုလေကိုဘာမှမလုပ်ခဲ့ဘူးသိလား....ဝိုင်းကသာမူးပြီးအကျီတွေဘောင်းဘီတွေလျှောက်ချွတ်နေခဲ့တာသိလား...တကယ့်အဆိုးလေး...ဝိုင်းအကျီချွတ်လိုက်တော့လေဝိုင်းရဲ့ကျောပြင်မှာလေကိုယ်မြင်ဖူးတဲ့ခြစ်ရာလေးကိုတွေ့ခဲ့တယ်။ဝိုင်းကိုမေးကြည့်တော့ဝိုင်းကလေမူးမူးနဲ့ဘယ်လိုဖြေလဲသိလား....ကလေးလေး၁ယောက်ကိုကယ်ရင်းရခဲ့တာတဲ့...ဟား..ဟား...ဘယ်လောက်အသည်းယားစရာကောင်းလဲ..ကိုကခလေးလေးလားဟမ်...ပြောပါဦး...".ပြောရင်းနှင့်ပင်အသံများတိမ်ဝင်သွားကာလှုပ်တောင်မလှုပ်သောခန္ဓာကိုယ်လေးကိုကြည့်ရင်းငိုမိပြန်သည်။
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...