ဒီလိုနဲ့ပဲနေလာခဲ့တာဝိုင်းကိုမတွေ့ရတာ၂နှစ်တောင်ရှိနေခဲ့ပြီ....ကျွန်တော်၂နှစ်ဆိုသည့်အချိန်ကိုမနဲသည်းခံခဲ့ရသည်။ဝိုင်းသတင်းလေးများကိုမိုးတို့အလင်းတို့ဆီကနားစွင့်နေမိသည်။ခလေးငယ်သည်ကုသမှု၁ခုခံယူနေသည်ဟုပြောကြသည်။အနေဝေးလျှင်သွေးအေးသွားတက်သည်ဟုပြောကြပေမယ့်ကျွန်တော့်ရင်ထဲကအလွမ်းထုထည်မှာတော့ကြီးမားသည်ထက်ကြီးမားလာသည်။ကျွန်တော်မနေနိုင်တော့ပါနောက်၁လနေလို့အလုပ်တွေပြီးလျှင်ကျွန်တော့်လမင်းလေးထွန်းလင်းနေရာအရပ်ကိုပြန်တော့မည်။.......
ကျွန်တော့်အိမ်မက်ထဲကလူ၏ကြီးစိုးမှုသည်ပိုပိုဆိုးလာသည်မို့သူဘယ်သူလဲ..ဘာကြောင့်ကျွန်တော့်အိမ်မက်ထဲတွင်အမြဲတမ်းရှိနေလဲကျွန်တော်အရမ်းသိချင်မိသည်။ထို့အပြင်တခါတရံကြားရတက်သော "ကို....ကိုရှိန်း..."အကြင်နာအပြည့်ဖြင့်ထိုလူကိုခေါ်နေသောကျွန်တော့်အသံကိုလည်းကြားယောင်နေရသည်။...ကျွန်တော်ဘာတွေကိုမမှတ်မိတာလဲ...ဘာတွေသတိရဖို့ကျန်သေးတာလဲ.....
ကျွန်တော်အဖြေရှာရန်ဆုံးဖြတ်ခဲ့သည်။သို့သော်မည်မျှပင်ကြိုးစား၍စဥ်းစားစေကာမူခေါ်င်းကိုက်လာရုံမျှတပါးဘာမှမမှတ်မိခဲ့ပါ။ထို့ကြောင့် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကျွန်တော် အိပ်မွေ့ချ ကြည့်ရန်ဆုံးဖြတ်ခဲ့သည်။ထိုသို့ဆုံးဖြတ်သည်အထိဖြစ်ရသည်မှာကျွန်တော့်နားထဲတွင်ကြားနေရသော..."ချစ်တယ်...မြတ်နိုးတယ်....ကို့ဆီပြန်လာခဲ့ပါ...ကိုကပိုချစ်တဲ့သူဖြစ်ပေးပါ့မယ်..."စသည်ဖြင့်ပြောနေသောအသံပိုင်ရှင်ကိုသိချင်လွန်း၍သာဖြစ်သည်။.....
အိပ်မွေ့ချစဥ်အတောအတွင်းကျွန်တော်အတိတ်ကဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများဆီသို့ကျွန်တော်ပြန်သွားနေခဲ့သည်။နိုးလာလျှင်အလွန်မောဟိုက်၍ပင်ပန်းနေခဲ့သည်။....တပတ်လောက်လုပ်ပြီးနောက်တွင်တော့ကျွန်တော်ရှင်းလင်းစွာမြင်လိုက်ရသည်ကမေ့မြောနေကျွန်တော့်ဘေးတွင်ထိုင်ကာကျွန်တော့်လက်လေးကိုကိုင်လျက်ငိုကြွေးကာချစ်ကြောင်းတဖွဖွပြောနေသောကျွန်တော့်ကိုမုန်းတယ်ဆိုတဲ့သူ....
ဘာလို့သူလဲ....ဘာကြောင့်လဲ..စသောမေးခွန်းများဖြင့်...နာကျင်အောင့်တက်လာသောရင်အစုံ...မဖိတ်ခေါ်ဘဲကျလာသောမျက်ရည်တွေ....
DU LIEST GERADE
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romantikရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...