"ကို...အလုပ်မသွားနဲ့ဆို."
နဂိုတည်းကမသွားချင်တာကိုချွဲနေသောကောင်လေးကြောင့်ပိုလို့ပင်မသွားချင်တော့....မသွားလို့ကလည်းမဖြစ်ပြန်ဝိုင်းဗိုက်ထွက်ကတည်းကအလုပ်ကို၁ရက်တောင်မသွားတော့..အခုသွားရမှာလည်းစင်ကာပူမှာဟိုတယ်အသစ်ဆောက်မှာမို့meetingခေါ်ကာနိုင်ငံခြားသားတွေလည်းလာမည်ဖြစ်၍မသွားရင်လည်းယဥ်ကျေးမှုမဲ့ရာကျမည်မို့လို့သာ....
"ဝိုင်းလေးကလည်း၁ရက်ပါပဲ..ဒီ၁ရက်ပဲနော်....လိမ္မာပါတယ်ကွာ..နော်..."
"ဟင့်အင်းလိုက်မယ်..ဟုတ်တယ်လိုက်ခဲ့မှာ..ဝိုင်းကိုခေါ်သွား..."
"ပင်ပန်းမှာပေါ့"
"ကိုနော်..ဝိုင်းကဗိုက်ပူလို့မခေါ်ချင်တာမလား..ဟင့်..ဗြဲ"
"မဟုတ်ပါဘူးဗျာ..မဟုတ်ရပါဘူး..ငိုတော့မငိုလိုက်ပါနဲ့ဗျာ..ကလေးလေးကသူတို့ဖေဖေကိုငိုအောင်လုပ်လို့ကျွန်တော်မျိုးကိုမချစ်ဘဲနေပါဦးမယ်..."
"ဟင့်အာ့ဆိုခေါ်မှာလားပြော"
"ခေါ်ရမှာပေါ့ကို့ကလေးလေးကို"
"ယေးး..ဟုတ်ပြီ..သွားကြစို့.."
"အွန်း..အနွေးထည်ဝတ်...ဦးထုပ်စောင်း....စောင်ပါပတ်...အေးတယ်..."
"ဟာပိုးတုံးလုံးဖြစ်နေပြီလေ.."
"ရွှတ်..ပိုးတုံးလုံးလေးကိုပဲချစ်တာ..ရွှတ်..မွ..မွ..မွ"
"တော်ပါပြီ...ကိုပန်ကာရဲ့..သွားကြမယ်..."
"အွန်း.."
Companyရောက်သည်နှင့်ရှိန်းတစ်ယောက်ဝိုင်းကိုအခန်းထဲထားခဲ့တာအစည်းအဝေးခန်းသို့ပြေးရတော့သည်.....
"ကြာလိုက်တာကိုကိုကလည်း...အာ့..အား..!!"
ဝိုင်းတယောက်ရှိန်းကိုစောင့်နေရင်းဗိုက်နာလာတာကြောင့်အခန်းထဲတွင်သာခုံကိုထောက်လျက်အားပြုကာအော်နေမိသည်....
"အား..မွေးရမယ့်နေ့မရောက်သေးဘူးလေ..အား..ကို...ဖုန်း...ဖုန်းးဆက်ရမယ်.."ထို့နောက်အားတင်းကာရှိန်းထံဖုန်းခေါ်လေသည်.....
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...