ရှိန်းသုတဖုန်းကိုချက်ချင်းထုတ်ကာစစ်မိသည်....
"ဖုန်းကကျသွားတာမဟုတ်ဘူးပဲ...."
"ကိုကိုရေချိုးးနေတယ်..."
"ဟမ်..ပန်းသီး."
အလုပ်ကိစ္စတွေအတွက်အမြဲဖုန်းပြောနေရသည့်အတွက်စိတ်ချရစေရန်ဖုန်းကို auto recordလုပ်ထားသည့်ကိုယ့်ကိုကိုပင်ကျေးဇူးတင်မိသည်..
"ဝိုင်းလေး...ကိုယ်သိပြီမို့မင်းဝမ်းမနည်းစေရတော့ဘူး"
"Cause your amazing just the way you are.......📳 📳 📳"
လာနေသောဖုန်းကိုမကိုင်ချင်သော်လည်းမိမိကိုယ်တိုင်ကမနေနိုင်ဘူးမလား....
"ဟယ်လို"
ပြန်ဖြေလာသောအသံလေးသည်တိုးညှင်းကာတုန်ရီနေသည်မှာဘယ်လောက်ဝမ်းနည်းနေလဲအသိအသာပင်....
"ဝိုင်းလေး..ခဏနေရင်companyခဏလာခဲ့ပါလား..နော်"
"ကိုဝိုင်းနေမကောင်း"
"လာခဲ့ပါကိုတောင်းဆိုတာပါ"
"ဟုတ်"ဖုန်းချသွားပြီသည်နှင့်ဝိုင်းလည်းခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။အတွေးတွေကယောက်ယက်ခတ်လို့.....
"ဘာတွေပြောဦးမှာလဲကိုရယ်"
Company ရောက်သောအခါမိမိတယောက်တည်းမဟုတ်ဟိုနေ့ကမိန်းကလေးပါရှိနေသည်....လှည့်ထွက်သွားမည်ပြုတော့ကို့ခေါ်သံ....
"ကို့ကလေးလေးဘယ်လဲ"
ကိုသည်နှစ်ကိုယ်ကြားသာကလေးလေးလို့ခေါ်တက်သည်လူကြားထဲတွင်တော့ဝိုင်းဟုသာခေါ်သည်..
ခုဘယ်လိုကြောင့်...."ဟိုနောက်မှပြန်လာခဲ့မယ်လေ...ကိုအလုပ်လုပ်နေတာ"
"ရတယ်လာကလေး..ဝင်ခဲ့"
ပန်းယမှုံလှိုင်၏မျက်နှာမှာတော့ပျက်နေလေပြီ...
ထို့နောက်ကို့ဘေးကခုံတွင်ဝင်ထိုင်လာတော့လက်လေးကိုအုပ်မိုးကာကိုင်ထားသောကို....
"ပန်းသွားဦးမယ်နော်"
"ခဏသွားရမှာပါ..မသွားခင်ဒါလေးရှင်းပေးသွားပါ.."
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...