ကျွန်တော်နှင့်ကိုခန့်တို့စကားတပြောပြောနှင့်ရုံးရောက်လာခဲ့ကြသည်။
Companyကြီးသည်အလွန်ကြီးကာအလွန်ခမ်းနားသည်။ကိုခန့်နှင့်သာမသိသေးပါလျှင်ကျွန်တော်သေချာပေါက်လမ်းပျောက်မည့်ကိန်းမြင်သည်။company၁ခုလုံးတွင်ဝန်ထမ်းများယောက်ယက်ခက်စွာလှုပ်ရှားနေကြသည်။ဒီနေ့သူဌေးအသစ်လာမှာမို့လို့နဲ့တူတယ်။ကျွန်တော်ချစ်ရသူသည်ထိုလောက်ထိလူအများကလေးစားခံရမည်ဟုမထင်ခဲ့မိပါ။သူ့နှင့်စတွေ့ထဲကသူ့ကိုရိုးရိုးသာမာန်ချမ်းသာတာဟုသာထင်ခဲ့မိသည်။
"ဟား..ဟား....ဒီနေ့သူဌေးအသစ်ကိုကြိုဆိုဖို့အားလုံးကတော်တော်စိတ်အားထက်သန်နေကြတာပဲ...သူဌေးလေးကအရင်တုန်းကသူ့အဖေနဲ့တခါတလေလိုက်လာဖူးတယ်....လိုက်လာတဲ့အခါတိုင်းလည်းသူ့အဖေရဲ့အလုပ်တွေကိုအားရင်အားသလိုဝင်လုပ်တယ်။သူဌေးလေးရဲ့အရည်အချင်းကြောင့်မို့လို့သာပေါ့နို့မို့ဒီလိုcompanyမျိုးတွေကချက်ချင်းလက်လွဲယူဖို့သိပ်ခက်တာ..အားလုံးကလည်းသူဌေးလေးကိုဝိုင်းထောက်ခံကြတယ်လေ...ဝိုင်းရောသူဌေးလေးနဲ့ဘယ်လိုသိတာလဲ.."
"အာ..ကျွန်တော်နဲ့က"မင်းနဲ့ငါရဲ့ပတ်သတ်မှုကိုcompanyကလူတွေမသိစေနဲ့ဆိုနဲ့စာကမျက်လုံးထဲပြန်မြင်လာသောကြောင်.
"ကျွန်တော်ကကိုနဲ့...ဟို..အကိုနဲ့ကျောင်းမှာသိတာပါ။ကျွန်တော်အလုပ်လိုလို့အကူညီတောင်းလို့အကိုကဒီမှာအလုပ်ခန့်ပေးတာပါ"ဟုပြုံး၍သာပြန်ဖြေလိုက်သည်...
ရှိန်းcompanyထဲရောက်သည်နှင့်သူစိမ်းတယောက်နှင့်ရယ်မောစွာစကားပြောနေသောထိုကောင်လေး....
"ဝိုင်းလမင်း.."
"ဗျ...ဗျာ"
"ဒီနေ့အချိန်ပိုဆင်းရမယ်နောက်ကျတယ်.."
"ဗျာ..ဒါပေမဲ့ရုံးချိန်မရောက်သေးဘူးလေ..ဆယ်မိနစ်လိုသေးတယ်..."
"ကျစ်..ငါ့ထက်နောက်ကျရင်နောက်ကျတာပဲ"
အကို့အသံတွင်ဒေါသများပါလာသည်မို့
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...