ကျွန်တော်မနေ့ကဟိုလူနဲ့ထပ်တွေ့တယ်။သူနာမည်ကရှိန်းသုတတဲ့။ဟက်..သူကလာတောင်းပန်တာတဲ့လေ။ကျွန်တော်သူ့ကိုခပ်ပြတ်ပြတ်ပဲပြန်ပြောပေမဲ့ကျနော်လေထူးထူးဆန်းဆန်းတုန်နေတယ်။ရင်ထဲမှာလည်းတမျိုးကြီးပဲ၊အယ့်လိုမျိုးကခုမှဖြစ်ဖူးတာဆိုတော့ဘာလဲတော့သေချာမသိဘူး။တမျိုးလေးပဲ...
ဝိုင်း..လ..မင်း..ဟားဟား..မေသူလမင်းရဲ့တစ်ဦးတည်းသောမောင်လေး၊သူအရမ်းအမွှမ်းတင်ချီးကျူးပြီးချစ်တဲ့မောင်လေး..ငါဒီလိုမလုပ်ချင်ပေမဲ့မင်းအမကြောင့်..သူငါ့အပေါ်ယုတ်မာခဲ့တဲ့တန်ရာတန်ကြေးအတွက်မင်းကပဲပြန်ပေးဆပ်ရမှာပေါ့..အယ့်တာမှငါ့ရဲ့စုပ်ပြတ်သွားတဲ့နှလုံးသားအတွက်တရားမှာပေါ့...hk..hk..ငါ့နှလုံးသား၁ခုအတွက်ငါကနှလုံးသား၂ခုကိုနင်းချေပြမယ်
အတွေးကိုယ်စီနှင့်ကောင်လေးနှစ်ယောက်သည်သူတို့ကိုစောင့်ကြည့်နေသောကံကြမ္မာကိုသတိမထားမိခဲ့ကြချေ
ကံကြမာရေရက်စက်မှာလား..သက်ညှာမှာလားကွယ်
နှလုံးသားတွေကိုတော့ပြုပြင်ပေးလှည့်ပါ"ညီ့"
"ဪကိုရှိန်း"
"ညီ၁ယောက်ထဲလား..ညီ့သူငယ်ချင်းတွေကော"
"ဪ..သူတို့ကသက်သက်လာကြမှာတဲ့"
"ဪ..အယ့်လိုလား..ညီမနက်စာရောစားပြီးပြီလား"
"အာ..မစားရသေးဘူးဗျ"
"ဒါဆိုကိုယ်တို့သွားစားရအောင်လေ"
"ဟိုလေ..ကျွန်တော်တို့ကမနက်စာတူတူစားရလောက်အောင်ထိမရင်နှီးဘူးထင်တယ်"
"ဪ..ညီကကို့ကိုခွင့်မလွှတ်သေးဘူးလား..ဟင်းးရပါတယ်..ကိုယ်လည်းအယ့်နေ့ကတော်တော်လေးရိုင်းသွားတာကို"
ဟာရှုပ်ကုန်ပြီ..ဒီလူနဲ့တော့ဒုက္ခပဲ
"အာ..အကိုအယ့်လိုမဟုတ်ဘူးလေဗျာ..ကျွန်တော်က..ဟာဗျာရှုပ်ကုန်ပြီ..ကဲလာဗျာသွားစားမယ်.."
"ok ညီ သိုင်းခယူးး"
မြေခွေးအိုကြီး၏အကြံကိုမသိသောကလေးငယ်သည်ဖြူစင်စွာတွေးရင်းမနက်စာစားရန်ထွက်သွားကြလေသည်။ထိုစဥ်တစ်ဖက်တွင်လည်း....
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...