"ခလေးကိုယ့်ကိုကြည့်ပါအုံး"
"မကြည့်နိုင်ဘူး..မုန်းတယ်"
"ဟုတ်ပြီမကြည့်နဲ့..ဒါပေမဲ့ကိုယ်ပြောတာလေးကိုတော့ခဏနားထောင်ပေးပါကွာ..သေချာနားထောင်နော်ခလေး"
"ကိုယ်လေခလေးကိုစတွေ့ထဲကစိတ်ဝင်စားမိတယ်၊ကလေးပုံစံလေးကထူးခြားနေတယ်၊ကလေးကိုကိုယ့်အဖေကြောင့်ကာဗာတွဲဖို့ချည်းကပ်ခဲ့တာမှန်တယ်
ဒါပေမဲ့ကိုခလေးနဲ့ရင်းနှီးလာတာနဲ့အမျှခလေးအပေါ်ထားတဲ့ကိုယ့်စိတ်တွေပြောင်းလဲလာခဲ့တယ်။ကလေးကိုကိုယ်ရင်းနှီးတာထက်ပိုပြီးပိုင်ဆိုင်ချင်ခဲ့တယ်။ကလေးနဲ့မတွေ့ခင်ကကိုယ်ကအရမ်းရှုပ်ပွေခဲ့တယ်၊အရမ်းဆိုးခဲ့တယ်၊ဒါပေမဲ့ကို့ယ်ဘဝထဲကိုကလေးဝင်လာထဲကကိုယ်တောင်မသိလိုက်ဘဲကိုယ်ပြောင်းလဲလာခဲ့တယ်။အယ့်နေ့ကထဲကကိုယ်ကလေးကိုဖွင့်ပြောမလို့ပါ။ကိုယ်ကလေးကိုအယ့်လိုရည်ရွယ်ခဲ့တာအတွက်လည်းတောင်းပန်ပြီးကလေးကိုလည်းဖွင့်ပြောချင်ခဲ့တာပါ။ကလေးကိုကိုယ်ချစ်ပေမယ့်ကိုယ်တို့ကယောကျာ်းလေးတွေဆိုတော့ကလေးကလက်မခံမှာကိုအရမ်းကြောက်ခဲ့တာ။အယ့်တာကြောင့်ကိုယ့်သူငယ်ချင်းနဲ့အရင်ပြောသင့်မပြောသင့်တိုင်ပင်နေတာပါ။ခုတော့ကိုယ်ဘယ်လောက်ပဲချစ်ချစ်ပါကလေးကကိုယ့်ကိုမုန်းတယ်ဆိုတော့လည်းကိုယ်ဘာတက်နိုင်မှာလဲ။ကိုယ်ရှေ့ဆက်မတိုးတော့ပါဘူး၊ခလေးအနှောင့်အယှက်ဖြစ်မယ့်အရာတွေကိုမလုပ်ရဲပါဘူးခလေးရယ်။အရမ်းချစ်တယ်ခလေးလေး...ကိုယ့်ကိုခွင့်လွှတ်ပါနော်..ကိုယ်ခလေးနားကထွက်သွားပေးပါ့မယ်..ကို့ယ့်ကိုမုန်းတယ်လို့တော့ထပ်မပြောပါနဲ့နော်...နှုတ်ဆက်တယ်ခလေးလေး"ကျောပေးထားသောခန္ဓာကိုယ်လေးသည်သိမ့်သိမ့်တုံနေသည်၊ပြေးဖက်လိုက်ချင်သော်လည်းကိုယ်မပိုင်သောလူသားလေးမှတ်လား၊နှုတ်ဆက်တယ်ခလေးရယ်
"နေဦး...ခွင့်မလွှတ်နိုင်ဘူး..ခင်ဗျားတာဝန်ယူရမယ်"ပြောချင်ရာပြောပြီးနှုတ်ဆက်တယ်ဘာညာလုပ်နေသောထိုလူကြီးကိုပိတ်အော်ပစ်လိုက်သည်
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...