ကျွန်တော်ကိုရှိန်းကိုချစ်မိနေတာကိုကိုယ့်ကိုကိုယ်ဝန်ခံပြီးနောက်ပိုင်းကိုယ့်လိပ်ပြာကိုမလုံ၍ကိုရှိန်းနှင့်တွေ့တိုင်းရှောင်နေခဲ့မိသည်၊ဒါကိုမရိပ်မိသောကိုရှိန်းသည်ကျွန်တော့်အားအရင်ကထက်ပင်ပိုဂရုစိုက်ပြီး၊သူ့ညီလေး၁ယောက်လိုပင်အရိပ်တကြည့်ကြည့်လုပ်နေတက်သည်။ကျွန်တော်သည်လည်းထိုကြင်နာမှုများနှင့်အသားကျကာငြင်းဆိုရန်ပင်မတက်သာတော့ပေ
သို့သော်အချိန်ကြာလာသည်နှင့်အမျှကျွန်တော်၏ခံစားချက်များမှာပိုသေချာလာသည်မို့ကျွန်တော့်အကြောင်းကိုသိသွားလျှင်ကျွန်တော့အားရွံမုန်းသွားမည်စိုးခဲ့သည်။*ကို*ထိုစကားလုံးလေးသည်ကိုရှိန်းနှင့်အလွန်လိုက်ဖက်သည်ဟုထင်မိသည်။ကိုယ့်စိတ်ထဲမှကျိတ်ခေါ်ရင်းကျွန်တော်အလွန်ပီတိဖြစ်နေမိသည်။တဖက်သက်အချစ်သည်တော်ကျွန်တော့အတွက်သည်လောက်ကြည်နူးစရာကောင်းပါကနှစ်ဦးလုံးသာချစ်ကြမည်ဆိုလျှင်ကျတော်ပျော်လုံးဆို့ပြီးသေနိုင်လောက်သည်....ကျွန်တော်Second year ရောက်သောအခါကိုရှိန်းသည်လည်း final တန်းဖြစ်သည်..
ကျွန်တော်တို့ဒီနှစ်ပြီးရင်ခွဲရတော့မည်ဖြစ်၍တော်တော်လေးစိတ်မကောင်းဖြစ်ရသည်..ဘွဲ့ယူပြီးလျှင်ကိုယ့်လမ်းကိုလျောက်တော့မည်ကိုရှိန်းကိုတွေးမိတိုင်းရင်ထဲတွင်ကြီးစွာသောအပူလုံးကြီးဆို့နင့်လာသည်။ကျွန်နော်မြန်မြန်ဘွဲ့ရချင်မိသည်....သူငယ်ချင်း၂ယောက်ကလည်းရည်းစားကိုယ်စီနှင့်ဖြစ်ကုန်ကြသည်..ကျွန်တော်သာတုံးအလွန်းသောရေခဲတုံးကိုရင်ဝယ်ပိုက်ပြီးအပူပေးနေရသည်..
မိုးကတော့အိမ်ကသဘောတူသည့်လူနှင့်သူ့ချစ်သူတစ်ယောက်တည်းမို့အလွန်ပျော်ရွှင်လျက်ကြွားလို့မဆုံးနိုင်ပေ
အလင်းကတော့ကိုရှိန်းရဲ့သူငယ်ချင်းကိုမင်းနောင်နှင့်ကံကြမ္မာအလိုအရတွေ့ဆုံပြီးယနေ့ထိတိုင်တပူးတွဲတွဲဖြစ်နေသည်။အလင်းကောင်သည်ကိုမင်းနောင်ကိုချစ်လားဟုမေးလျှင်ငါgayမဟုတ်ဘူးဟုပြန်ဖြေမြဲပင်..သို့သော်ကိုမင်းနောင်ကို၁ရက်မတွေ့ရရင်ဒီကောင်ငူငိုင်နေတာကိုကျွန်တော်တို့သိသည်။သူတို့နှစ်ယောက်သည်တွဲနေသည်ဟုမဆိုသော်လည်းအများအမြင်တွင်လုံးဝကိုလင်လင်ကဲ့သို့ဖြစ်နေသည်...
YOU ARE READING
🖤အငြိုး၏နောက်ကွယ်🖤(Completed)
Romanceရှိန်းသုတ အချစ်ဆိုတာယုတိမရှိတဲ့စကားတလုံးပဲ။အခွံပဲရှိပြီးအနှစ်မရှိတဲ့အရာ။အချစ်ကိုငါနာကျည်းတယ်။မချစ်ရဲတော့ဘူး။မဟုတ်ဘူးမချစ်ချင်တော့ဘူး ဝိုင်းလမင်း ငါ့ဘဝရဲ့ပထမဆုံးရင်ခုန်ခြင်းဟာငါ့ကိုမုန်းတဲ့၊ငါ့အချစ်ကိုအသုံးချမဲ့မင်းကြောင့်တဲ့လား။ဒါမဲ့ကျေနပ်ပါတယ်...