1 [U]

37.9K 1.9K 153
                                    

အခု ရိပေါ်နဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့လူကြီးနာမည်က ရှောင်းကျန့်။

ဘယ်ကဘယ်လို စသိကြသလဲဆို ရိပေါ်အကိုဝမ်းကွဲဟိုင်ခွမ်းရဲ့ မဂ်လာဆောင်မှာ အဲလူကြီးက သတို့သားအရံအဖြစ် လူတွေကို လိုက်နှုတ်ဆက်စဉ်ကပေါ့။

စတွေ့တုန်းကတော့ ဒီလူကြီး ချောတယ်၊ ဒီလူကြီး မှုန်နေအောင်ချောတယ်၊ ဒီလူကြီးက သတို့သားထက်တောင် ချောနေတယ်၊ ပြုံးလိုက်ရင် အတော်ချောတာပဲဆိုတဲ့အချက်ရယ်၊ သူနဲ့တွဲပြီး သတို့သမီးအရံလုပ်ပေးတဲ့ မမလှလှနဲ့ လိုက်ဖက်တယ်ဆိုတဲ့အချက်ရယ်ကလွဲပြီး ဘုရားစူး ဘာမှစိတ်ထဲမရှိခဲ့ပါဘူး။

မဂ်လာပွဲမှာ ရိပေါ်က သတို့သားရဲ့မိသားစုဝင်မို့ ပထမဝိုင်းမှာထိုင်ပြီး ရှောင်းကျန့်အပါအဝင် သတို့သားအရံ၊ သတို့သမီးအရံတွေကတော့ မလှမ်းမကမ်း ၅ဝိုင်းမြှောက်မှာ ထိုင်ကြတယ်။

ဒီလိုနဲ့ အမှတ်တရဓာတ်ပုံတွေရိုက်တဲ့အချိန် မိသားစုဝင်တွေအလှည့်အပြီးမှာ သူ့သူငယ်ချင်းတွေနဲ့ အပြောင်အပျက်postတွေပေးဖို့ စင်ပေါ်ကစောင့်နေတဲ့ဟိုင်ခွမ်းကောဆီ ရှောင်းကျန့်က လမ်းလျှောက်လာတယ်။ သတို့သားအရံတစ်ယောက် အိမ်သာတက်နေတဲ့အတွက်ကြောင့် ခဏစောင့်ဖို့ပြောတယ်။

လူကြီးသူမတွေကို ဦးစားပေးနေလို့ ခုချိန်ထိ စင်ပေါ်က မဆင်းရသေးတဲ့ရိပေါ်ကို ကောက "ပေါ်တိ ခဏ။ ကိုယ်နဲ့ ဓာတ်ပုံရိုက်ရအောင်"ဆိုပြီး သူ့ဘေးဘက်အပို့ ရှောင်းကျန့်က "ငါလဲပါမယ်"ဆိုပြီး ရိပေါ်လည်ပင်းကို သိုင်းဖက်လို့ poseပေးတယ်။

ထွက်လာတဲ့ဓာတ်ပုံထဲမှာ ဟိုင်ခွမ်းကောနဲ့သူ့အမျိုးသမီးကတစ်ဖက်၊ ရှောင်းကျန့်နဲ့ရိပေါ်နဲ့က တစ်ဖက်။

ဟိုင်ခွမ်းက သူ့သတို့သမီးအသစ်စက်စက်လေးရဲ့ပုခုံးကိုဖက်လို့ ပြုံးနေခဲ့သလို ရှောင်းကျန့်ကလဲ ရိပေါ်ရဲ့ပုခုံးကိုသိုင်းဖက်ပြီး ပြုံးရယ်နေခဲ့တယ်။

ဒီလိုနဲ့ ဘယ်အချိန်ကြည့်ကြည့် နှစ်တွဲပြိုင်မဂ်လာဆောင်များလားလို့ ထင်ရတဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ ရှောင်းကျန့်က ရိပေါ်ဘဝထဲ ဝင်ရောက်လာပါတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now