5 [U]

10.4K 1.2K 248
                                    

မနက်မိုးလင်းထဲက နေကပူ အမေကဆူနဲ့ ရှောင်းကျန့်ဘဝက တကယ်မလွယ်တာပါ။ ရည်းစားမရှိတဲ့ကိစ္စကို အိမ်ကိုအမျိုးတွေလာတိုင်း ပြောမပြီးဖူး။ လူကြီးတွေဆိုတာကလည်း "၂၅နှစ်နဲ့ ချစ်သူရည်းစားမရှိသေးဘူး"ကြားရင် ဘာမှတ်နေကြတယ်မသိဘူး။ ထူးဆန်းသတ္တဝါလိုကြည့်ပြီး "လူဆိုတာ အနာဂတ်အတွက် ရည်မှန်းချက်ထားရမယ်နော်။ ကြားလား။ သားလေး"ဆိုပြီး ပြောတတ်သေးတယ်။

ရှောင်းကျန့် စိတ်ညစ်ညစ်နဲ့ ကုမ္မဏီသွားဖို့ပြင်တယ်။ ဒီနေ့ မိုးလင်းထဲက စိတ်ကမလန်းဆန်းဖူး။ အလုပ်ထဲပါ စိတ်မပါရင်တော့ ဒုက္ခပဲ။ နေ့တိုင်းနောက်ကျရတဲ့ကြားထဲ စာရင်းတွေပါတလွဲလုပ်နေလိုက်ဆိုပြီး အဖေက ကန်ချလောက်တယ်။

လမ်းမှာ Minimartလေးတွေ့တော့ ကားရပ်ပြီး မုန့်အချို့ဆင်းဝယ်တယ်။ စိတ်ညစ်နေတဲ့အချိန် အချိုများများစားပေးရမယ်ဆိုတဲ့ စကားကို လက်ကိုင်ထားတာကြောင့် မုန့်အချိုတွေဝယ်တယ်။ မပါမဖြစ် အာလူးကြော်ဝယ်တယ်။ ကောင်တာမှာ တန်းစီနေရင်း သကြားလုံးထုပ်လေးတွေ့တာကြောင့် သကြားလုံးစားမယ်ဆိုပြီး အထုပ်ကို လှမ်းယူလိုက်တယ်။

ပြီးမှသေချာကြည့်မိတာ။ အထုပ်ပေါ်မှာ Durexဆိုတဲ့ စာသားလေး။ *အော် ငါ့ဘဝကလဲ တစ်ယောက်ထဲဖြတ်သန်းတာကြာတော့ သကြားလုံးနဲ့ ကွန်ဒုံးထုပ်တောင် မသဲကွဲတော့ပါလား"ဆိုတဲ့ အတွေးနဲ့အတူ ကွန်ဒုံးထုပ်ကို ခပ်တည်တည် စင်ပေါ်ပြန်တင်ရတယ်။

မုန့်တွေတပွေ့တပိုက်ဝယ်လာပြီးအထွက် မှန်တံခါးကိုဆွဲဖွင့်တော့ အပြင်မှာ တမ်းတိုးတာ ရိပေါ်နဲ့!

ရိပေါ်ကလဲ သူ့ကိုတွေ့တော့ အတော်အံ့ဩသွားပုံရတယ်။ နှစ်ယောက်လုံး မျက်လုံးကြီးပြူးပြီး ကြောင်ကြည့်နေတာ။

"ရိပေါ် ကျောင်းမသွားဖူးလား"

"သွားမလို့လေ။ ပီကေစားချင်လို့ ဝင်ဝယ်တာ"

"အော် အဲလိုဆို ကိုယ်သွားတော့မယ်နော်"

"ဆိုင်ကယ်မပါဘူး"

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now