21 [U]

5.2K 745 67
                                    

ရှောင်းကျန့် အသဲကွဲနေတယ်။ နောက်တာ မဟုတ်ဖူး။ ကွဲတာမှ ပိုးစိုးပက်စက် ပက်ပက်စက်စက်။ အသည်းကို အလယ်ကနေ ထပ်ခြမ်းဆွဲဖြဲခံလိုက်ရသလို ကွဲနေတာ။

ဒီနေ့က ပူတူးမွေးနေ့ပြီးတာ တစ်ပတ်ရှိပြီ။ မတွေ့ရတာလဲ တစ်ပတ်ကြာပြီ။ ဖုန်းကနေတစ်ဆင့် အသံလေးတောင် ကြားခွင့်မရှိတဲ့ဘဝမှာ တကယ်အဆင်ပြေမ​နေပါဘူး။

ပါးအိအိလေးတွေကို တို့ထိခွင့်ရဖို့ဝေလာဝေး။ အဝေးကနေ ငေးကြည့်ခွင့်လေးတောင်မရှိတဲ့အခါ ရှောင်းကျန့်အတွက် ဘာဆိုဘာမှ ကြည့်ရမြင်ရတာ အဆင်ပြေမနေတော့ဘူး။ အရင်ကဆို လမ်းဘေးမှာ ဒူးရင်းသီးတွေတွေ့တောင် "အော်... ပူတူးတူးလေး ကြိုက်တဲ့အသီး"ဆိုပြီး ချစ်တဲ့စိတ်နဲ့ အကောင်းမြင်ပေးခဲ့ပေမယ့် အခုတော့ အဲဒူးရင်းသီးနဲ့ တွေ့သမျှအတွဲမှန်သမျှကို ပစ်ပေါက်ချင်နေတယ်။

အရေးထဲ စိတ်ညစ်နေပါတယ်ဆိုမှ မိုးလေးက တဖွဲဖွဲကျနေသေး။ အော် လွမ်းရင်း ဆွေးရင်း အရက်လေးလွေးရင်း အမြည်းလေးကျွေးရင်း ညနေခင်းလေးကို ဖြတ်သန်းရတော့မှာပေါ့။

တစ်ယောက်ထဲသောက်တာထက်ဆိုင်ရင် သူငယ်ချင်းတွေနဲ့စကားပြောရင်း သောက်ရတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတာကြောင့် ရှောင်းကျန့် မာမားဝယ်ထားတဲ့ အရက်ပုလင်းတွေမ,လို့ ကျိုးချန်တို့အိမ်ဘက် ထွက်လာခဲ့လိုက်တယ်။

အရက်ပုလင်းတွေက မာမားဝယ်ထားတာ။ ဟုတ်တယ်။ မာမားနဲ့ ရှောင်းကျန့်က ငယ်ငယ်လေးထဲက သူငယ်ချင်းတွေလို ပေါင်းလာတာ။ ရှောင်းကျန့် ဘာဖြစ်ဖြစ် တစ်ခုခုဆို အရင်ဆုံးသိတဲ့သူက မာမားပဲ။ အဲလောက်ထိ ပွင့်ပွင့်လင်းလင်းရှိတယ်။

ဆယ်ကျော်သက်အရွယ် တချို့ကိစ္စလေးတွေ လက်တည့်စမ်းချင်လာတဲ့အခါမှာလဲ မာမားက ရှောင်းကျန့်ကို သေချာနားလည်အောင်ပြောထားခဲ့တာမို့ အရက်သေစာဆိုတာလဲ ရှောင်းကျန့် အသက်၁၈မှာမှ သောက်ဖူးတာဖြစ်တယ်။
သောက်တဲ့နေရာလဲ ကြည့်ဦး။ အိမ်မှာ။ တကယ်ကြီး အိမ်ကမီးဖိုချောင်မှာ အရက်စသောက်ဖူးတာ။

အဲတုန်းက ရှောင်းကျန့်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်သောက်ဖူးချင်လို့ မာမားဆီ မုန့်ဖိုးတောင်းတာ။ မာမားက လုံးဝမပေးနိုင်ဖူးဆိုတော့ ရှောင်းကျန့်မျက်နှာလေးကို ညှိုးလို့။ ဒါပေမယ့် ၅မိနစ်တောင် မကြာလိုက်ဖူး။ "မင်းအဖေပိုက်ဆံအိတ်ထဲကနေ နှိုက်ပြီး ငါကိုယ်တိုင် အရက်ဆိုင်လိုက်တိုက်မယ် မိုင်ဆန်း"ဆိုပြီး နှစ်ယောက်သား ပါပါးပိုက်ဆံအိတ်ထဲကနေ ဘတ်ငွေတွေယူလို့ အရက်ပုလင်းသွားဝယ်။ ပြီးတော့ အိမ်မှာသောက်။ ပါပါးကသိတော့ဆူ။ မာမားက မျက်နှာလေးငယ်ပြလိုက်တာ "သောက်ချင်ရင် နောက်ဆိုကိုယ့်ပြောပေါ့ မိန်းမရာ"ဆိုပြီး ပါပါးခဗျာ လျှောချလိုက်ရတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now