4 [U]

12K 1.3K 243
                                    

ရိပေါ် ရှုးရှုးရှဲရှဲနဲ့  ၆ထပ်က တိုက်ခန်းထဲဝင်လာတယ်။

တံခါးလာဖွင့်ပေးတဲ့ ဟောက်ရွှမ်းကိုကျော်ပြီး ရေချိုးခန်းထဲ ပိုင်စိုးပိုင်နင်းဝင်လို့ ပူနေတဲ့မျက်နှာကို ရေအေးနဲ့သစ်တယ်။ စိတ်ငြိမ်အောင် ခဏစောင့်ပြီးတဲ့နောက် ဧည့်ခန်းထဲဝင်လိုက်တော့ ဟောက်ရွှမ်းနဲ့ ကျန်းဖန်ရှင်း ဗီဒီယိုဂိမ်း အပြိုင်နှိပ်နေတာတွေ့တယ်။

သူစိတ်ညစ်ညစ်နဲ့ ဘေးကဆိုဖာပေါ် ပက်လက်လှဲချလို့ ခေါင်းကို ဆိုဖာခေါင်းခုလေးပေါ်တင်ပြီး သက်ပြင်းတွေချနေမိတယ်။

လောလောလတ်လတ် သူငယ်ချင်းလေးနှစ်ယောက် သူ့ရှေ့မှာ ရှိနေပါတယ်။ ယောင်လို့တောင် လှည့်မကြည့်ကြဘူး။ သူရောက်မလာရင်တောင် သိပါ့မလားမသိ။ မတော်လို့များ တိုက်ခန်းက ၆ထပ်မှာမဟုတ်ဘဲ ၆၆၆ထပ်မြှောက်မှာရှိနေပြီး ရှောင်းကျန့်နဲ့သာ ဓာတ်လှေကားတူတူစီးရရင် အိမ်း။
မစဉ်းစားတော့ပါဘူး။

"ဟျောင့် မင်းကြည့်ရတာ အပူသည်ရုပ်နဲ့ ဘာဖြစ်ရတာလဲ"

တပွဲတလမ်းဆင်နွှဲပြီးနောက်မှာ ဂိမ်းနိုင်သွားတဲ့ ဟောက်ရွှမ်းက မျက်နှာရွှင်ရွှင်နဲ့ သူ့လှမ်းမေးတယ်။

"မပြောချင်ပါဘူး။ ဟိုဘိုးတော်လေကွာ"

"မင်းအဖေလား"

"ဘိုးတော်ပါဆိုမှ ငါ့အဖေဖြစ်မလား"

"အဲလိုဆို မင်းအဖိုးလား။ ပြောတော့ မင်းအဖိုးက သေသွားပြီဆို။"

"အေးလေ။ မင်းအဖိုးက ငါတို့အထက်တန်းနှစ်မှာ ဆုံးတာမလား။ အဲမတိုင်ခင် ငါတို့တွေ ကျောင်းလစ်ပြီး ဘိလပ်ထိုးအပြန် ဆရာမမိတော့ မင်းအဖိုးဆုံးလို့ အသုဘသွားကြည့်တာလို့တောင် ပြောကြသေးတယ်လေ။ နောက်နေ့ကျောင်းပြန်တက်တော့ ပေါ်ပေါ့်ဖင် ဖြူဖြူဖွေး ဖိုးဖိုးရိုက်တယ် ဆိုပြီး မင်းငိုမဲ့မဲ့နဲ့ ကျောင်းလာတာ မှတ်မိသေးတယ်"

"အေးလေ။ ပေါ်ပေါ့်ဖင် ဖြူဖြူဖွေး အရင်က ဖိုးဖိုးဖက်နေကြကို ခုတော့ ဖိုးဖိုးဆုံးလို့လို့စမိတာလေးကို ပေါ်ပေါ့်ဖင် ဖြူဖြူဖွေး ဖိုးဖိုးမို့ ရိုက်ရက်တယ်ဆိုပြီး မင်းတစ်နေ့လုံး စိတ်ဆိုးတာလေ"

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now