3 [U]

12.6K 1.3K 228
                                    

*တောင်*

ညဘက်၁၀နာရီ အိပ်ခါနီး msgဝင်လာလို့ ဖွင့်ဖတ်ကြည့်လိုက်မိတော့ ရှောင်းကျန့်ဆီက။

*လမ်းကြုံလို့ ဝင်လာတာပါဂျာ*
ယုန်လေးတစ်ကောင် မုန်လာဥဖြူလေးပိုက်ပြီး တံခါးရှေ့ ပြူတစ်ပြူတစ်လုပ်နေတဲ့ စတစ်ကာလေးကြောင့် ရိပေါ် ပြုံးမိသွားတယ်။

*အိမ်ရှင်ကြီး ဘာလုပ်နေလဲ။ အထဲဝင်လို့ရလား*
ယုန်စတစ်ကာလေးဟာ နှာလေးတရှုံ့ရှုံ့ မျက်လုံးလေး ငိုမဲ့မဲ့နဲ့။ ရုပ်ကိုက ချက်စားချင်စရာလေး။

*အခုမှ ဂိမ်းဆော့ပြီးတာ။ အိပ်တော့မလို့*

*ဘာဂိမ်းလဲ*

*Pou။ သိလား။ ချီးပုံလေးကို အစာကျွေးရတဲ့ဂိမ်းလေ။ ခါတိုင်း သူ့ကိုရေမိုးချိုးပေးပြီး တန်းအိပ်တာ။ အခု ချီးပုံက စော်ရသွားလို့ သူတို့နှစ်တုံး လျှောက်လည်တာစောင့်ပြီးမှ အိပ်ရတာ*

*ဟင် မသိပါဘူး။ ကိုယ်က မင်းpubgတွေ MLတွေများ ဆော့သလားလို့*

*အဲဒါတွေက တစ်ခါတစ်လေမှ ဆော့ဖြစ်တာ*

*ချီးပုံတောင် ကောင်မလေးနဲ့။ မင်းကရော*

*ဘာတွေပြောနေတာလဲ။ ကျနော့်မှာလဲ ရှိတာပေါ့*

*........*

*ကျနော် စီးနေကြဆိုင်ကယ်က ကျနော့်ကောင်မလေးပဲလေ*

*lol ကိုယ်ကတကယ်ထင်သွားတာ။ ဆိုင်ကယ်တော့စီးပြီး ကားကျမမောင်းဖူးလား*

*ကားမောင်းလိုင်စင် မရသေးဘူး*

*ကားမစီးဘဲ ကိုယ့်ကိုစီးမယ်ဆို လိုင်စင်မလိုပါဘူး*

*edit: ကိုယ့်ကား*

ကုတင်ဘေးက စာကြည့်မီးရောင်မှိန်မှိန်လေးအောက်မှာ ရိပေါ်မျက်နှာလေး မဆိုစလောက် ရဲသွားတယ်။ ငြိမ်နေလို့ အကောင်းမှတ်တာ။ မထင်တဲ့အချိန်မှာ မထင်တဲ့စကားတွေ ပြောပြန်ပြီ။ ရှောင်းကျန့်က တကယ်ပဲ။

*ဘာဆိုင်လို့ ခင်ဗျားကား လိုက်စီးရမှာလဲ*

*မဆိုင်ဘူးလား။ ကိုယ်က ဆိုင်တယ်ထင်နေတာ*

ဆိုင်...တယ်...ထင်...နေ....တာ?

စကားတစ်ခွန်းကို လွယ်လွယ်ပြောတတ်တာ ရှောင်းကျန့်အကျင့်လားမသိပေမယ့် ခက်တာက ရိပေါ် ဒီစကားတွေကို သဘောကျနေမိတယ်။ တွေ့တာမကြာသေးဖူးဆိုပေမယ့် ရှောင်းကျန့်အနားရောက်တာနဲ့ ရိပေါ်လက်ဖျားခြေဖျားတွေ အေးစက်နေမိသလို ရင်တွေလဲ တုန်နေတတ်တယ်။ ရှောင်းကျန့် သူ့ကိုပြုံးပြတိုင်း သူနှလုံးခုန်မြန်လာတာ သေချာကြီးခံစားမိတယ်။ နှုတ်ခမ်းအောက်က မှဲ့နက်လေးနေရာရွေ့သွားတိုင်း လိုက်ကြည့်နေမိလွန်းလို့ သူ့ကိုယ်သူ မနည်းတားနေရတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now