Final [U]

8.9K 865 128
                                    

တအိမ်လုံးရဲ့ အသည်းကျော်လေး ဝမ်အိပေါ်ဟာ အခန်းအပြင်ဘက်ကို လုံးဝလုံးဝထွက်မလာတာ တစ်ပတ်နီးပါးရှိနေပြီမို့ ဝမ်မားမားဟာ ဝမ်ပါးပါးကို ဓားကြိမ်းကြိမ်းနေတယ်။

အစားအသောက်တွေကို အခန်းအပြင်ဘက် စားပွဲဝိုင်းလေးပေါ်မှာ တင်ပေးခဲ့တော့လဲ အိပေါ်လေးဟာ အခန်းထဲပန်းကန်တွေ သယ်တော့သွားတယ်။ ပြီးတော့ မစို့တပို့လောက်ပဲ စားပြီး စားပွဲပေါ် ပြန်တင်ထားတာကြောင့် ဝမ်မားမားခင်ဗျာ တစ်အိမ်ထဲနေပြီး မတွေ့တာကြာပြီဖြစ်တဲ့ ဝမ်ပေါင်ပေါင်းလေးအတွက် အင်မတန်ကို စိုးရိမ်ပူပန်နေပြီဖြစ်တယ်။

ပါးပါးက အိပေါ်ဖုန်းကို သိမ်းထားတာ။ အိပေါ်လေး ကိုကိုရှောင်းကို ဖုန်းခေါ်လို့မရ၊ messageပို့လို့မရ၊ ဘယ်လိုမှကိုဆက်သွယ်လို့မရ။ ဘဲနဲ့ပြန်တွေ့နိုင်ဖို့အရေး အိပေါ်က အရိုးကြေကြေ အရေခမ်းခမ်း စူပါမန်း နေနားကပ်သေးပန်းဆိုသလို အသေခံတိုက်ပွဲဝင် ဆန္ဒပြတယ်။

အခန်းထဲ မာမားကို လုံးဝအဝင်မခံဘူး။ ဘာကျွေးကျွေးလုံးဝမစားဘူး။ ဝမ်မားမားက တကယ်စိုးရိမ်ပူပန်နေပြီ။ ၇ရက်မြှောက်တဲ့နေ့မှာ ဝမ်ပါးပါးကို အိမ်ပေါ်က ကန်ချဖို့ပြင်တော့တယ်။

အိပေါ်လေး လောလောလတ်လတ် အခန်းထဲမှာ ဂိမ်းဆော့နေတယ်။ ဖုန်းသိမ်းတာ ဘာမှမဖြစ်ဖူး။ pcတွေ ipadတွေ သိမ်းလဲ ဘာမှမဖြစ်ဖူး။ အခန်းထဲက TVနဲ့ ဗီဒီရိုဂိမ်းဆော့တဲ့ခေတ်ဆီ သွားလည်ရုံပဲ။

အစားအသောက်အတွက်လဲ ပူစရာမလိုဘူး။ လိုချင်တာမရရင် အိမ်ထဲကအိမ်ပြင်မထွက် ဆန္ဒပြတတ်တဲ့သူ့အကျင့်ကိုသိနေတဲ့ သူငယ်ချင်းတစ်စုဟာ အိပေါ်အတွက် food delivery serviceကို စီစဉ်ပေးတယ်။ ပိုက်ဆံကတော့ အိပေါ်လေး ပြန်ရှင်းရမှာပေါ့။

ပါပါးနဲ့ မာမားဟာ သိပ်သိပ်တုံး။ တရုတ်မှာ Covid-19စတွေ့ထဲက delivery serviceတွေ အဆင်ပြေအောင်၊ လူအချင်းချင်းcontactနည်းအောင် droneနဲ့ သယ်ဆောင်တဲ့ နည်းပညာတွေကို စတင်အသုံးပြုလာကြပြီဖြစ်တယ်။

ရိပေါ်လေးက သူ့အခန်းပြတင်းပေါက်ဆီ အစားအသောက်တွေကို မှာလိုက်တယ်။ ပါပါးလဲ မသိ။ မာမားလဲ မသိ။ အိမ်အောက်လဲ ဆင်းစရာမလို။ အခန်းထဲကနေ အပြင်ထွက်ဖို့လဲ မလို။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now