16 [U]

8K 1.1K 163
                                    

ရိပေါ်အခုရောက်နေတာ ရှောင်းကျန့်တို့အိမ်ရှေ့မှာ။ ဘယ်ကဘယ်လိုရောက်လာလဲ မသိပါဘူး။ ရိပေါ်မှတ်မိသမျှက ရှောင်းကျန့်ပါပါးရဲ့ စိတ်တိုနေတဲ့မျက်နှာကြီးရယ်၊ သူ့သားကို ချက်ချင်းဆွဲထိုးတော့မလိုဖြစ်နေတဲ့ လက်အနေအထားရယ်၊ ပြီးတော့ ရိပေါ်ကိုကြည့်တဲ့ အကြည့်စူးစူးကြီး။ တကယ် ကြောက်ဖို့ကောင်းတယ်။

ရိပေါ်ကိုဆူသွားတဲ့အန်တီကြီးက ရှောင်းကျန့်မာမားမှန်း သိလိုက်ရတယ်။ စကားပြောတာကလဲ rapရွတ်သလိုပဲ။ ပွတ်ရွှတ်ပွတ်ရွှတ်နဲ့။ ရိပေါ်လန့်နေတဲ့အချိန်မှာ အများကြီးပြောသွားတာမို့ ဘာပြောလို့ပြောသွားမှန်း မသိလိုက်ပါဘူး။

ရိပေါ် မျက်စိရှေ့ ထီးထီးကြီးဖြစ်နေတဲ့ နှစ်ထပ်တိုက်ကြီးကို ကြည့်နေရင်း လန့်လာတယ်။ ဘာလို့ဒီနေရာရောက်လာတာလဲဆိုတဲ့အချက်က ခေါင်းထဲ လူနာတင်ယာဉ်ဖြတ်ပြေးသလို တဝှီးဝှီးနဲ့ ဆူညံသွားတယ်။

ဆူမယ်၊ရိုက်မယ်ဆိုလဲ သူတို့သားကိုပဲ ဖွတ်ဖွတ်ကြေတဲ့အထိထောင်းကြလေ။ ငါကဘာလို့ခံရမှာလဲဆိုတဲ့ အတွေးဝင်လာတာနဲ့ ချက်ချင်းထွက်ပြေးဖို့ပြင်တယ်။

လှည့်ထွက်လိုက်ပေမယ့်လဲ သူ့လက်ကိုတင်းတင်းဆုပ်ထားတဲ့ရှောင်းကျန့်ကြောင့် ပြေးလို့မရပါဘူး။ ဘိုးတော်ကိုကြည့်လိုက်တော့ ခါတိုင်းလို စပ်ဖြဲဖြဲတောင်လုပ်မနေနိုင်ဖူး။ မျက်နှာကချွေးစေးတွေပြန်နေတာလား။ ဝေ့ရှမား!!! ဒီဘိုးတော်က အဖေကျ ကြောက်တယ်ပေါ့!!!

ရှောင်းမာမားက ခြံတံခါးကို ခလုတ်နှိပ်ပြီး ဖွင့်နေတယ်။ ရိပေါ်လဲ တမင်ကြည့်နေမိတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြင်လိုက်ရတယ်။ သော့နံပါတ်က 748213တဲ့။ တခါထဲ ရင်ဘတ်ထဲ တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်သွားတယ်။ ရိပေါ်က ခေတ်လူငယ်မို့ ဒါမျိုးဗန်းစကားနံပါတ်တွေ သိတာမဆန်းဖူးလေ။ ဒါပေမယ့် ဘိုးတော်ရဲ့အမေက ဘယ်လိုလုပ် ဒါတွေနားလည်နေရတာလဲ!!!

ချိစစ်ပါးအာ့ပီး။ သွားသေလိုက် ငတုံးကောင်တဲ့!!!! ခြံတံခါးသော့နံပါတ်က ဘယ်နှယ့်ဟာကြီးလဲ!!!!

ရှောင်းမာမားက ခြံသော့ဖွင့်ပြီး အထဲဝင်သွားတော့ နောက်ကနေ ရှောင်းကျန့်လဲ လိုက်ဝင်တယ်။ ရိပေါ်လက်ကိုတင်းတင်းဆုပ်ထားတာကြောင့် ရိပေါ်လဲ ဘိုးတော်နဲ့ မခွဲမခွါ တပါထဲ အူကြောင်ကြောင်ရုပ်လေးနဲ့ ခြံထဲရောက်သွားတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now