13 [U]

7.7K 1K 143
                                    

အမြင်ကတ်ပုဒ်မနဲ့သာ ရပ်ကွက်ရုံးကို ဖုန်းဆက်လိုက်ရတာပါ။ ရှောင်းကျန့် သူ့အရပ်ကြီးမှ အားမနာ သူ့ထက်ပုတဲ့သူတွေကြား ယက်ကန်ယက်ကန်နဲ့ ပါသွားတာ မြင်ရတော့ စိတ်မကောင်းပြန်ဖူး။

သစ်ကိုင်းခြောက်ကို ကျီးကန်းတွေချီသွားသလို ခံစားလိုက်ရတယ်။ ဘာလို့ ဘဲဥချီသလိုမဟုတ်တာလဲဆိုရင် ရှောင်းကျန့်က အသားလဲဖြူမနေသလို ဘဲဥလိုလဲ ပုလုံးလုံးဖြစ်မနေပြန်ဖူး။ အဲတော့ ကျီကန်း သစ်ကိုင်းခြောက်ချီတယ်ပဲပြောရမှာပေါ့။

ဟားဟားဟားးးးမှတ်ပြီလား ဘိုးတော်။
နေနေလိုက်။ အချုပ်ထဲ တစ်နာရီလောက်!

ရိပေါ် အေးအေးဆေးဆေးနဲ့ အဖွဲ့လိုက်ဂိမ်းဆော့နေရင်း သကောင့်သား ကျန်းဖန်ရှင်းက သူ့ကောင်မလေးဖုန်းဆက်လို့ ခဏစကားပြောလိုက်ဦးမယ်ဆိုပြီး ထွက်သွားလေရဲ့။ အလုပ်ကိုရှုပ်တယ်။ ဒီလောက် ဂိမ်းထဲမှာ သေရေးရှင်ရေး ဖြစ်နေတာတောင် ရည်းစားကပိုအရေးကြီးနေတယ်။ ပေါင်းရကျိုးနပ်တဲ့ သူငယ်ချင်းတွေ!!

တဆက်ထဲ ရည်းစားဆိုမှ ရှောင်းကျန့်ကို ပြေးတွေးမိပြန်တယ်။ မဟုတ်သေးပါဘူး။ အိမ်ကအာမခံနဲ့လာခေါ်မယ့်သူမရှိလို့ အချုပ်ထဲ ညအိပ်မနေရလောက်ပါဘူးနော်။

ရိပေါ်ရင်ထဲထိတ်ခနဲဖြစ်သွားပြီး ရှပ်အက်ျီအပေါ်ကနေ အနွေးထည်တစ်ထည်ထပ်ဝတ်လို့ ရပ်ကွက်ရုံးဘက် သုတ်ခြေတင် ထွက်လာရတယ်။

တစ်ရပ်ကွက်သားအချင်းချင်း ရင်းနှီးနေတဲ့မျက်နှာတွေမို့ ဂိတ်စောင့်ဦးလေးကြီးက နှုတ်ဆက်တယ်။ဒီအချိန်ကြီး ရိပေါ်ဘာလာလုပ်တာလဲ မေးချင်နေတဲ့ပုံပဲ။ ဘယ်လိုပြန်ဖြေရပ။ သံဇကာပုံးထဲရောက်နေတဲ့ ဘဲကိုလာထုတ်တာဆိုပြီး ဖြေရမလား။ ရိပေါ်ကသာ အတွေးများနေတာ ဦးလေးက ဘာမှမမေးလို့ တော်ပါသေးရဲ့။

အဆောက်အဦးထဲ ဟိုကွေ့ဒီပတ်နဲ့ အချုပ်ခန်းရှေ့ရောက်လာတော့ အော် အေးအေး ငါကိုယ်က မှားတာပါဆိုပြီး တန်းသဘောပေါက်သွားတယ်။

ရှောင်းကျန့်ပေါ့။ ဘာလုပ်နေတယ်ထင်လဲ။ အချုပ်ခန်းစောင့်တဲ့လုံခြုံရေးတွေကိုပါခေါ်ပြီး သူက ဆရာကြီးလုပ်လို့ စကားဝိုင်းဖွဲ့နေကြတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now