8 [U]

8.9K 1.1K 136
                                    

ရိပေါ်တို့အခုရောက်နေတဲ့ ရွာလေးက တောင်ခြေတစ်လျှောက်မှာတည်ရှိနေတဲ့ရွာလေး။ အိမ်တွေက မြေနီအုတ်တွေနဲ့ဆောက်ထားတာဖြစ်ပြီး ခြံတစ်ခုချင်းဆီကအစ အကျယ်ကြီး။ ခြံဝန်းကျယ်ကျယ်မှာ သစ်ရိပ်ဝါးရိပ်တွေက အုပ်မိုးလို့။

ရှောင်းကျန့်က အဒေါ်ကြီးတစ်ယောက်နဲ့ပြောဆိုနေတယ်။ ကြည့်ရတာ အချင်းချင်းသိနေကြပုံပဲ။ နားထောင်ရင်းနဲ့မှ ရှောင်းကျန့်တို့ တောင်ပေါ်မှာစခန်းချတဲ့အခါတိုင်း ဒီအိမ်ကနေ နှပ်ထားတဲ့အသားတွေ လာဝယ်နေကြဆိုတာ သိလိုက်တယ်။ အဒေါ်ကြီးက အသားနှပ်တွေ ထုပ်ပိုးလိုက်ဦးမယ်၊ စောင့်ပါဦးဆိုတာနဲ့ ရိပေါ်နဲ့ ရှောင်းကျန့် ခြံထဲမှာ လမ်းပတ်လျှောက်နေတယ်။

တောရိပ်တောင်ရိပ်က တကယ်စိတ်ကြည်နူးဖို့ကောင်းတယ်။ အသီးအနှံတွေလဲ ကိုယ့်ခြံကိုယ်မြေကနေ လတ်လတ်ဆတ်ဆတ်ခူးပြီး စားသောက်ရုံပဲ။ပြီးတော့ ခြံကလဲ အကျယ်ကြီး။ တကယ်မိုက်တယ်။ အဲဒါကြောင့် မြို့ပေါ်တိုက်ခန်းမှာနေကြတဲ့သူတွေက ပြောတာနေမှာ။ ရွာတွေမှာ lockdownဆိုတာက ခြံထဲကကြက်လို လွတ်လွတ်လပ်လပ်လျှောက်သွားနေလို့ရပြီး မြို့ပေါ်က lockdownကတော့ သံဇကာပုံးထဲက CPကြက်လို ဖင်လှည့်ခေါင်းလှည့်လို့ပဲရတယ်ဆိုပြီး။

ရိပေါ် တပြုံးပြုံးနဲ့ ကြည်နူးနေတုန်းမှာ ရှောင်းကျန့်အသံက ရုတ်တရပ်ထွက်လာတယ်။

"ရိပေါ် ဒီလာကြည့်"

"မိုက်တယ်နော်။ သူတို့ခြံထွက်ပစ္စည်းတွေက။ အသီးလိုလို လီးလိုလိုနဲ့"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မိုက်တယ်နော်။ သူတို့ခြံထွက်ပစ္စည်းတွေက။ အသီးလိုလို လီးလိုလိုနဲ့"

"ဘာကြီးလဲ အဲဒါ"

"သိဘူးလေ။ ကိုယ့်ညီလေး မနက်ခင်းတိုင်း ငုတ်တုတ်ထိုင်နေတာနဲ့တူလို့ ယူကြည့်လိုက်တာ"

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now