11 [U]

8.3K 1K 209
                                    

ဒီအပတ်က ရိပေါ်နဲ့ ရှောင်းကျန့် အဆက်အသွယ်မလုပ်တာ ၃ပတ်တိတိ။ ရက်အားဖြင့် ၂၁ရက်။ နာရီနဲ့တွက်မယ်ဆို အာ ပျင်းတယ်။ မိနစ်တွေ စက္ကန့်တွေနဲ့ ထပ်တွက်မယ်ဆို အကြာဆိုအကြာကြီးလို့သာ သိထားလိုက်။ ကိန်းဂဏန်းတွေက မဟာတံတိုင်းကြီးလောက်ရှည်တယ်။

ဒီလိုတွေမတွေ့ရလို့ ရိပေါ်က ကြိတ်မနိုင်ခဲမရ တအားတွေ လွမ်းဆွတ်တမ်းတပြီး ရည်းစားပူမိနေမယ်ထင်လား။ ဆုတောင်းလေ။ အနေသာကြီး။

လူက အားယားနေတာ မဟုတ်ဖူး။ လုပ်စရာတွေ အများကြီးရှိတယ်။ ဆိုင်ကယ်စီးရမယ်။ စကိတ်စီးရမယ်။ ကျောင်းက basketballအသင်းဝင်ထားတာတွေလဲ ဝင်ကစားရဦးမယ်။

ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်လို့ နိုင်ရင် ပိုက်ဆံအများကြီးရမယ်။ အဲပိုက်ဆံတွေကို လီးပုံခေါက်ပြီး ရှောင်းကျန့်မျက်နှာ တည့်တည့်ပစ်ပေါက်မှာ။ အလကား! အသက်ကြီးပြီး အချိန်မစီးတဲ့ ဘိုးတော်။

ဘိုးတော်ရဲ့ mailကို ရသားပဲ။ စလာကထဲက အူကြောင်ကြောင်နဲ့။ ဘာတွေရေးလို့ရေးထားမှန်း မသိဘူး။ အတော် ကြွယ်နေတယ်ပေါ့။ ဟုတ်လား။
ကော်ဖီတိုက် စခွက်ရိုက်ဆိုတာ ဒင်းလိုလူမျိုး ဖြစ်မယ်။ တော်သေးတာပေါ့။ အနည်းဆုံးတော့ ကော်ဖီတိုက်ပြီး အဟွာနှိုက်မသွားလို့။

ငါဘာတွေကြည့်ကြိုက်ခဲ့မိတာလဲ ကွာ ကွာ!!!

အဲနေ့ကစပြီး ရှောင်းကျန့်နဲ့ မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်အကြောင်းကိုယ်သိတယ်။ လူကသာ ၁၂ရာသီ မျက်နှာထားက ဂျစ်တစ်တစ်နဲ့ အကန်တွေချည်းပြောနေတတ်ပေမယ့် နှလုံးသားလေးက နုနက်အုဖက်နေတာပဲ။

ပြီးခဲ့တဲ့လအတောအတွင်းမှာ ရှောင်းကျန့်ကို ဘယ်လောက်တောင် သဘောကျခဲ့လဲဆိုရင်လေ ဟင်း... သူ့စာထဲကလိုပဲ လိုနေတာ အနွေးဓာတ်မို့ သူ့ကိုပြေးဖက်ချင်တာပါဆို။

ဘိုးတော်က တကယ်အရူးပဲ။ ငါ့ကို တကယ်မကြိုက်တာလား။ ငါ့လောက် ခန့်ညားပြီး ချောမောနေတဲ့သူကိုလေ။ ဟားးး မယုံနိုင်ဘူး။

တကယ်မုန်းတယ်။ ရှောင်းကျန့်မျက်နှာကြီး မမြင်ချင်တော့ဘူး။ ရှောင်းကျန့်နဲ့ ပတ်သတ်သမျှ ဘာမှမကြိုက်ဖူး။ ဘာကိုမကြိုက်ဆုံးလဲဆို ငါကြိုက်တယ်ဆိုတာကို သူကြိုက်နေရက်နဲ့ ငါကြိုက်တာကို သူပြန်မကြိုက်တာပဲ။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now