12 [U]

8.1K 1K 159
                                    

ဖြစ်ပျက်သွားခဲ့တဲ့ ကိစ္စရပ်ကြီးတစ်ခုလုံးဟာ အဆင်ပြေချောမွေ့နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ထင်သလိုမဟုတ်ခဲ့ပါဘူး။ ဖြစ်ပျက်သွားတယ်ဆိုတိုင်း ဖြစ်ပြီးမှ ပျက်သွားတာပါ။

နှစ်ယောက်သား နှုတ်ခမ်းတွေသွေးစို့မတတ်နမ်းရှိုက်ပြီးကြတဲ့အချိန်မှာပဲ ရိပေါ်က ရှောင်းကျန့်ကို စိမ်းစိမ်းဝါးဝါးကြည့်လို့ ထွက်သွားတယ်။

ရှောင်းကျန့်မြင်လိုက်တာ ရိပေါ်မျက်ဝန်းတွေက လုံးဝကို မီးဟုန်းဟုန်းတောက်နေသလိုမျိုး။

တကယ် စိတ်ဆိုးမယ်ဆိုရင်လဲ ဆိုးစရာပါ။ အဆင့်တွေအများကြီးကျော်လိုက်မိတာ ရှောင်းကျန့် သူ့ဘာသာလဲသိတယ်။ အရေးကြီးဆုံးက လေးလေးနက်နက်ပြောမယ်ဆိုပြီး တစ်ညလုံး စာကြည့်စားပွဲမှာ ငုတ်တုတ်ထိုင်ပြီး စီလာခဲ့တဲ့ စာသားတွေအကုန်မေ့ကုန်တာပဲ။

ဖလစ်ဖို့သာ လွယ်တာပါ။ တကယ်မကြိုက်တော့ မျက်နှာပူစရာမလိုဘူး။

အခုတကယ်လဲ ချစ်ပါပြီဟေ့ဆိုရော ရိပေါ်အနားရောက်တိုင်း ချီးပါချင်သလိုလို သေးပေါက်ချင်သလိုလိုနဲ့ ရင်တွေတုန် စိတ်တွေခုန်နေမိတယ်။

ဒီအသက်အရွယ်ရောက်မှ ဆယ်ကျော်သက်လေး crushနဲ့တွေ့နေရသလို ခံစားနေမိတဲ့ ရှောင်းကျန့် သူ့ဘာသာလဲ အတော်အံ့ဩရပါတယ်။

ဒီကြားထဲ ရိပေါ်ကို အချိန်ခဏလောက်ပေးထားလိုက်ပါဦးမယ်။ ရှောင်းကျန့်ကရှောင်းကျန့်လို ရိပေါ်ရှေ့ ပြန်နေနိုင်တဲ့တစ်နေ့ လေးလေးနက်နက်စကားတွေနဲ့ပဲ ဖွင့်ပြောမှာပါ။

xxxxxxxxxx

ဒီရက်အတောအတွင်းမှာ ရှောင်းကျန့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ အလုပ်လုပ်ပါတယ်။ တည်ငြိမ်လွန်းတော့လဲ အိမ်ကလူတွေက မယုံပြန်ဖူး။ အထူးသဖြင့် ရှောင်းမာမားပေါ့။

ကိုယ့်ဘာသာအချိန်ယူပြီး ကြိုးစားပြုပြင်နေရတဲ့ကိစ္စရပ်တစ်ခုမှာ အပြင်လူတွေကို ဆွဲမထည့်ချင်ပါဘူး။ ရုံးမှာလဲ မိန်းကလေးတွေစကားလာပြောရင် အရင်လို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဖလစ်တဲ့စကားလုံးတွေ ထွက်မသွားဖို့ အတော်လေးထိန်းထားရတယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now