14 [U]

7.6K 1K 142
                                    

လက်ရှိအခြေအနေက သမီးရည်းစားလား၊ ဟီးဟီးဟားဟားလား ဝေဝေဝါးဝါးနဲ့ မသဲကွဲပါ။

ရှောင်းကျန့်ဘက်ကတော့ ရိပေါ်ကို ဖွင့်ပြောပြီးပြီ။ အဖြေတော့ မရသေးဘူး။ ရိပေါ်ကလဲ စိတ်ဆိုးချင်ယောင်သာ ဆောင်နေတာ။ တကယ်စိတ်မဆိုးတော့မှန်း သိပါတယ်။ ဒီလောက်မှ အထာမနပ်ရင် ရှောင်းကျန့် ဘယ်ဟုတ်တော့မလဲ။

ဘဝရဲ့ ပြဿနာတဝက်လောက်က ရုပ်ချောနေရင် အလိုလိုပြေလည်တယ်။ အမှန်ပြောတာ။ ရုပ်ချောတဲ့အခါ လူရှေ့သူရှေ့ထွက်ရလဲ confidenceရှိ။ လူတွေကလဲ ချောရင် ဘာလုပ်လုပ်အမြင်ကြည်တာများတယ်။ ကြည့်မရတဲ့သူတွေကတော့ ကိုယ့်လောက်မချောလို့ မနာလိုကြတာ။ 

နောက်တစ်ဝက်က စကားပြောကောင်းရင်ရတယ်။ တဖက်လူက ဘယ်လောက်ပဲ တင်းမာနေပစေ ကိုယ့်ဘက်က စကားကြောင်းလှမ်းတတ်ရင်ရတယ်။ ပြီးတော့ ကိုယ့်ဘက်က လွန်ခဲ့သည်ရှိတောင် အလျှောက်ကောင်းလို့ အထောင်းသက်သာဆိုသလို ပြန်လည်ရင်းနှီးမှုလေးတွေ ယူလို့ရသေးတယ်။

အဲတော့ ရုပ်လဲအလွန့်အလွန်ချော စကားပြောလဲအင်မတိအင်မတန်မှကောင်းတဲ့ ရှောင်းကျန့်ဘဝမှာ မပြေလည်စရာအကြောင်းကိစ္စဆိုတာ ဘယ်ရှိတော့မလဲ။

ခုလဲ ရိပေါ်ဘက်က မီးစိမ်းတွေပြနေပြီလေ။
ရှောင်းကျန့်တို့ ပူးတူးလေးနှလုံးသားထဲ ပြိုင်ကားနဲ့ ပြေးအောင်းရတော့မှာပေါ့။

ညဘက်ရောက်တာနဲ့ စကားပြောရမယ်။ ခုတော့အလုပ်လုပ်ရဦးမယ်။ ပါပါးမကြည်တာတွေများနေပြီ။ ပြီးတော့ သားဖြစ်သူက ယောကျ်ားလေးချင်း သဘောကျနေပါတယ်ဆိုတဲ့အချက် မာမားကလက်ခံပေမယ့် ပါးကျ ရချင်မှရမှာ။ မရလဲ ကိစ္စမရှိပါဘူး။ မားတစ်ယောက်လုံး ကိုယ့်ဘက်ရှိနေတာပဲ။ မတော်လို့ရန်ဖြစ်ကြရင် ပါပါးက ဘယ်လိုမှ နိုင်မှာမဟုတ်တာ အသိသာကြီး။

ဒါပဲလေ။ ကံတရားက ဘယ်လိုနေနေ ကိုယ့်ဘက်ကပဲ အဟားဟား။

ရှောင်းကျန့်အရင်တုန်းက ရုံးခန်းနံရံမှာ ချိတ်ထားတဲ့စာတန်းရှိတယ်။

"ဒီနေ့အတွက် အကောင်းဆုံးမလုပ်ပါနဲ့။
မနက်ဖြန် ဘာမှလုပ်စရာမရှိ ဖြစ်နေလိမ့်မယ်"ဆိုတဲ့ လောကနိတီစကား။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now