7 [U]

8.4K 1.1K 95
                                    

ရိပေါ် ဟိုင်ခွမ်းကောကို မရရအောင်ပြောပြီး ရုပ်တည်ကြီးနဲ့ ကားပေါ်လိုက်လာတယ်။ နီးနီးနားနား တောင်ပေါ်စခန်းချမှာမို့ အားလုံးက ကားကိုယ်စီနဲ့ပဲ လာကြမှာ။ ကားနောက်ဖက်မှာ ရွက်ဖျင်တဲထိုးဖို့ ပစ္စည်းပစ္စယတွေပါ တစ်ခါထဲသယ်လာပြီးသား။

တစ်ပတ်လုံးလဲ စိတ်တိုတာလိုလို မိုးပြိုတာလိုလို ခံစားပြီးတဲ့နောက် လူက စူပုတ်နေရတာ နှုတ်ခမ်းပါ ထော်နေပြီ။ ရှောင်းကျန့်ကတော့ သူ့ကိုရှိလို့ရှိမှန်းတောင် မသိတဲ့ပုံပဲ။ blockထားတာတောင် ဘာလို့လဲဆိုတဲ့စကားတစ်ခွန်း msgမပို့ဘူး။

Blockထားတယ်ဆိုမှတော့ ဘယ်လိုmsgပို့မလဲလာမမေးနဲ့။ wechatမှာပဲ blockတာ။ ရိုးရိုးဖုန်းနံပါတ်နဲ့ခေါ်လဲ ရနေတာပဲ။ ဒါ ဒီလူကြီး သက်သက်အကျင့်ယုတ်တာ။ နောက်မှ "ရိပေါ်ရေ"ဆိုပြီး လာကြည့်။ သူ့အရည်နဲ့သူ့ပြန်ပက်မယ်။ ဘာတွေတွေးနေတာလဲ။ လီးကော်ဖီနဲ့ မျက်နှာတည့်တည့် ကောက်ပက်ပစ်မယ်ပြောတာ။

View pointရောက်တော့ ယွီပင်းကော၊ ကျိုးချန်ကောနဲ့ နောက်ထပ် အကိုကြီးတစ်ယောက်ပဲ ရောက်သေးတယ်။ ရှောင်းကျန့်က ရောက်မလာသေး။ ဘယ်ရောက်ဦးမလဲ။ ဘယ်ဆော်နဲ့ကြူနေမှန်းမှ မသိတာ။

ရိပေါ်စိတ်တိုတိုနဲ့ အိပ်ရာခင်းကို ဖုတ်ခနဲ ဖြန့်ချလိုက်တာ ဘေးကသစ်ငုတ်တိုနဲ့ငြိပြီး ဗြိခနဲပြဲပါရောလား။ ဒီရက်ပိုင်း အစစအရာရာအဆင်မပြေဖြစ်နေတာ ရုပ်အရမ်းချောနေလို့ တစ်ယောက်ယောက်ကများ ကျိန်စာတိုက်ထားလေသလားပဲ။ စိတ်ညစ်ညစ်နဲ့ ရှောင်းကျန့်လက်မောင်းကိုကိုက်ပြီး ငိုချင်တယ်။ ဒါလဲ အဲလူကြီးက သိမှာမဟုတ်ပါဘူး။ ဘယ်သိမလဲ။ ကောင်မလေးတွေနဲ့ကြူနေမှာပေါ့။

ရိပေါ် ငိုမဲ့မဲ့လေးဖြစ်နေချိန်မှာပဲ ရှောင်းကျန့်က သွားအဖြီးသားနဲ့ ပစ္စည်းတွေပိုက်ပြီး ရောက်ချလာတယ်။ အတော်ပျော်နေတယ်ပေါ့ ဟုတ်လား။ ပြုံးဖြီးနေလိုက်တာများ လူအရင် မမြင်ရဘူး။ ပြူးနေတဲ့ ရှေ့သွားနှစ်​ချောင်းပဲ အထင်းသားမြင်နေရတယ်။ သိသားပဲ။ သူက ရှောင်းကျန့်အတွက် အရေးမကြီးဘူးဆိုတာ။ နောက်ဆုံးတော့လဲ လိုသုံးပါပဲ။ အဲလေ ဘော်လီဘောပါပဲ။ ပုတ်ထုတ်ခံရတာ တွေ့လား။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now