18 [U]

5.4K 785 37
                                    

တကယ်တော့ ပြတ်ပြီဆိုတာ အလကားပြောတာ။ ပြတ်စရာလား။

ရှောင်းကျန့်ကို ဒီလောက်တုန်နေအောင်ချစ်ရတာ။ ဘိုးတော်က ပလီပလာ တီတီတာတာစကားတွေမပြောဘဲ ပဒီးပဒါး လီးစကားတွေပဲ ပြောတတ်တဲ့အကျင့်ရယ်၊ သောက်တလွဲလုပ်တတ်တဲ့အကျင့်လေးရယ်သာပြင်လိုက်ရင် တကယ်perfectပဲ။ အရပ်မြင့်မြင့် ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ ဒီလိုလူကိုမှ မကြိုက်ရင် တခြားကြိုက်စရာလူမရှိဘူး။

တွက်ရေးက စက်သူဌေးဆိုသလိုပဲ ရိပေါ် သေချာတွက်ချက်ထားပါတယ်။ အခုအိမ်ပြန်ရောက်တာ ၃မိနစ်ရှိပြီ။ ရှောင်းကျန့်ဆီက မကြာခင်ဖုန်းဝင်လာလိမ့်မယ်။ တကယ်လို့ ဝင်မလာဖူးဆို ရိပေါ်ကိုယ်တိုင် ရှောင်းကျန့်တိုက်ခန်းထိသွားပြီး ဒူးရင်းသီးနဲ့ အလုံးလိုက်ပစ်ပေါက်မှာ။

၄မိနစ်....
၅မိနစ်....




၉....

၁၀မိနစ်တိတိကြာပြီးနောက်....

ဘယ်လို ဘယ်လို။ ၁၀မိနစ်ကြီးတောင်ကြာနေပြီ။ ခုထိဖုန်းမဆက်သေးဘူးလား။ ဘယ်လိုလူလဲ။ စိတ်တိုနေတာကို ပြန်မချော့ဘူးလား။

ရိပေါ်အသဲတွေကွဲပါပြီ။ သူကတော့ ရှောင်းကျန့်ကို ချစ်လိုက်ရတာ။ ချစ်လွန်းလို့ ဆိုးတာလေ။ အဲဒါကို ရှောင်းကျန့်က သည်းမခံနိုင်ဖူးတဲ့လား။ နောက်ဆုံးတော့ စိတ်ဓာတ်အမှန်က ပေါ်ပြီပေါ့။ ရတယ်။ ရှောင်းကျန့်။ ခင်ဗျားက စိတ်ဓာတ်ပဲ စိတ်ဓာတ် စိတ်ဓာတ် စိတ်ဓာတ်။

ကောင်းကင်ကြီးက ပြာတယ်။
နေမင်းကြီးက ဝါတယ်။
ရှောင်းကျန့်က ညာတယ်။
သူချစ်ခဲ့သလို ပြန်မချစ်တော့ နှလုံးသားထဲကနာတယ်။

သူ့အဖြစ်က အချစ်ခံရမယ်ထင်ပြီး အရစ်သန်ခံပေမယ့် အစစ်အမှန်မဟုတ်ဘဲ ပလစ်ခံခဲ့ရတာပဲ။ ဒီချစ်ခြင်းတွေက ဒီမှာတင် အပစ်ခံခဲ့ရပြီမို့ အသစ်တစ်ဖန် ပြန်ဖြစ်စရာအကြောင်းမရှိတော့ဘူး။

မခေါ်တော့ပါ။ ဒီတစ်ခါ တကယ်ပြတ်ပါပြီ။ တကယ်ပြတ်ပြီ။ တိကနဲနေအောင်ပြတ်ပြီ။ ပြတ်တာမှ ပြတ် ပြတ် ပြတ်

*ကိုကိုရေ သိပ်ချစ်တယ်။ အသည်းလေးထဲ စွဲနေပြီကွာ* (ရှောင်းကျန့်အတွက် သီးသန့်ဖုန်းသံ)

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now