10 [U]

8.8K 1K 117
                                    

အနည်းဆုံးတော့ ဒီတိုင်း ဖုတ်ဖုတ်ခါအောင် မခေါ်မပြောတော့တာထက်ဆိုင်ရင် ရှောင်းကျန့် ရိပေါ်ကိုအကျိုးအကြောင်းတော့ ပြောခဲ့သင့်တယ်မလား။

အတွေးနဲ့အတူ ဖုန်းခေါ်ကြည့်တယ်။
ဟင် ဘာလို့ဘယ်နှစ်ခါခေါ်ခေါ် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေရတာလဲ။

wechatကနေ msgပို့ကြည့်တော့မှ ရိပ်မိတော့တယ်။ ဒီကောင်လေး သူ့ကိုblockသွားပြန်ပြီ။

အခုခေတ်ကလေးတွေ အဲတာတွေခက်တာပဲ။ ပြဿနာကို ရင်ဆိုင်ဖို့မကြိုးစားဘဲ ရှောင်ပဲပြေးချင်နေကြတယ်။ ငါသာ အဲနေရာမှာဆိုင်ရင်ကွာ... ငါ့လေလုံးက ပြဿနာထက် ထွားနေတော့ ပြဿနာကိုယ်တိုင် အသာလစ်ပြေးစေရမယ်။

ရှောင်းကျန့် ကိုယ့်အတွေးကိုယ်သဘောကျပြီး ရိပေါ်ဆီ emailပို့ဖို့ စဉ်းစားတယ်။

"Hi!

စော်ကြည်ရုပ်လန်း တော်ကီဖုတ်ကျွမ်းပြီး ကော်ဖီပုံပန်း မိမိုက်နေအောင်ဖျော်တတ်တဲ့ ရှောင်းကျန့်မှ စာရေးလိုက်ပါတယ်။

ကော်ဖီဖျော်ကျွမ်းတဲ့ တော်ကီဆရာကြီးဆိုပေမယ့်လည်း လီးကော်ဖီကို မင်းနဲ့တွေ့မှအဆန်းထွင်ပြီး ဖျော်ခဲ့ဖူးတာပါ။ မှန်ရာပြောသစ္စာဆိုသလို လေလာရာဖင်ပေးနှလုံးအေး ရိပေါ်လာရာကိုယ်ပြေး ရင်ထဲနွေးခဲ့ဖူးပါတယ်.........."

အင်...မဟုတ်သေးပါဘူး။ နောက်ဆုံးစာကြောင်းက ဘာလို့ ရင်ထဲနွေးတာတွေ ထည့်ရေးနေတာလဲ။ ရင်ကရော တကယ်နွေးဖူးတာလား။ ရှောင်းကျန့်စဉ်းစားရင်း စာကြောင်းတစ်ကြောင်းလုံး ဖျက်ပစ်လိုက်တယ်။

"လိုနေတာ အနွေးဓာတ်မို့ ချစ်သူကိုပြေးဖက်ချင်တဲ့ ယောကျ်ားတွေလိုပဲ ကိုယ်လဲ လိုနေတာဟာသဓာတ်မို့ ရိပေါ်ကိုဂိုးဂွက်ဆိုပြီး တွေ့တာနဲ့ လိုက်စနေခဲ့မိတာပါ။

အထင်မလွဲစေချင်ဘူး။ ရှုပ်ရှုပ်ရှက်ရှက်တွေဆိုတာ တကယ်မရှိရပါဘူး။ သူများတွေ ချစ်သူနဲ့ chatနေချိန်မှာတောင် ကိုယ်က မီးဖိုချောင်ထဲမှာ ဒန်အိုးနဲ့ ချက်နေတဲ့အထိ ရိုးသားတာပါ။

လူတိုင်းအမြင်ကြည်ရအောင် မြို့လည်ခေါင်က ယူနိုက်တက်ဗေးရှင်းမျက်မှန်ဆိုင် မဟုတ်ပေမယ့် ရိပေါ် အမြင်ကွယ် အဲလေ ရိပေါ်မျက်စိထဲ စပါးမွေးစူးသလိုတော့ တကယ်မဖြစ်ချင်ပါဘူး"

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now