15 [U]

7.2K 1K 211
                                    

မနေ့ညက ရှောင်းကျန့် ကိုယ့်တိုက်ခန်းမှာပဲ အိပ်ဖြစ်တယ်။ အကြောင်းကတော့ ရိပေါ်ဆီကအဖြေရပြီဆိုမှ ရိပေါ်ရဲ့လက်ကို ရဲရဲဝံ့ဝံ့တွဲပြီး မာမားရှေ့မှာ တစ်နေ့ကို တစ်ရာနဲ့နှစ်ဆယ့်နှစ်ခေါက်တိတိ ဖြတ်လျှောက်ပြဖို့ ကြံရွယ်ထားတာကြောင့်ဖြစ်တယ်။

ရိပေါ်အနားလေးကိုကပ် ခါးလေးကိုဖက် ပါးချင်းကပ်ပြီးကို ရိုပြမှာ။ တွေ့လား တွေ့လား။ ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းတဲ့ ကျနော့်ကောင်လေး။ မားယောကျ်ားရော ချစ်ဖို့ကောင်းလို့လား ဟားဟားနဲ့ကို ပြောမှာ။

အခုအဖြေရပြီဆိုတော့ ပြီးပြီလေ။ ပွဲသိမ်းပြီ။ FAမဟုတ်တော့ဘူး။ ဧည့်ခန်းနံရံမှာ မာမားကပ်ထားတဲ့ "လုံးစုံများစွာ FAတွေမပါ ချမ်းသာကိုယ်စိတ်မြဲပါစေ" ဆိုတဲ့ ပေါက်ကရစာသားတွေမြင်တိုင်း ကိုယ့်ရင်ဘတ်ကို သေနတ်နဲ့ဒဲ့ပစ်ခံလိုက်ရသလို ခံစားချက်မျိုး ဖြစ်နေစရာမလိုတော့ဘူး။

*မောနီး ပူတူး။ နိုးလာလို့ msgမြင်ရင် ကိုယ့်ကို အာဘွားလို့ ပြန်ပို့လိုက်နော်။ ချစ်တယ်*

ရှောင်းကျန့် msgလေးရိုက်ပြီးတာနဲ့ phone screenက "ပူတူတူး🐷"ဆိုတဲ့ contact nameလေးကို တစ်ချက်နမ်းလိုက်တယ်။

ပြီးတာနဲ့ မာမားဆီဖုန်းဆက်တော့ မာမားက ဖုန်းကိုင်ကိုင်ပြီးချင်း တန်းမေးရှာပါတယ်။

"မောနီး ကျန့်ကျန့်။ တိုက်ခန်းမှာ တစ်ယောက်ထဲ အဆင်ပြေရဲ့လား"

ဆိုတဲ့ စကား.....

လုံးဝလုံးဝ မဟုတ်ပါဖူး။

"မောနီး သား။ ဒီနေ့လဲ FAပဲလား"

"မှန်းကြည့်လေ"

"ပညာရှိပြေးကြည့်တာထက် တွေးကြည့်တာမြန်တယ်ဆိုတဲ့ စကားအရ ငါအခုပဲတွေးကြည့်လိုက်ပြီ။ တစ်ပတ်ရိုက်မယ်မကျန်နဲ့။ နင့်ကြိုက်မယ့်သူမရှိမှန်း ငါသိတယ်"

"မာမားက ကိုယ့်သားကို အတော်ထင်သေးတာပဲ။ ကျနော် အဖြေရပြီဗျ!! အဖြေရပြီ။ ကျနော့်ကောင်လေးနဲ့ ချစ်သူဖြစ်သွားပြီ!!"

"ဟေ ဘာကြီး!!!! တကယ်လား!! နောက်နေတာတော့ မဟုတ်ဖူးမလား!!"

မာမားဆီက video callတန်းဝင်လာတာကြောင့် ရှောင်းကျန့် ပြုံးဖြီးဖြီးနဲ့ ချက်ချင်းကိုင်လိုက်တယ်။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now