17 [U]

6.3K 815 66
                                    

ချစ်သူတွေရယ်လို့ ဖြစ်လာကြပြီးထဲက ရှောင်းကျန့်မှာ နိုင်ငံရေးဦးတည်ချက်(၄)ရပ်ရှိတယ်။

၁၊ ရိပေါ်ကိုပြုံးမယ်
၂၊ ရိပေါ်ဆိုဝုန်းမယ်
၃၊ ရိပေါ်ကိုဘုန်းမယ်
၄၊ ရိပေါ်ကိုပဲ ဗြုန်းမယ်။

တချို့အိမ်တွေရှေ့ "အိမ်ထဲမှာကားရှိသည် အိမ်ထဲမှာကားရှိသည်"ဆိုပြီး ဆိုင်းဘုတ်ကြီး ချိတ်ထားတာတွေ့ဖူးတယ်မလား။ ရှောင်းကျန့်လဲ "ရင်ထဲမှာပူတူးရှိသည် ရင်ထဲမှာပူတူးရှိသည်"ဆိုပြီး နဖူးပေါ်စာကပ်ထားချင်တာ။

စော်ကြည်ရုပ်လန်း တော်ကီဖုတ်ကျွမ်းနေတာကိုက မွေးရာပါအရည်အချင်းဖြစ်နေတာ အရမ်းဒုက္ခရောက်တယ်။ ရည်းစားမရှိတုန်းက မရှိလို့မရှိဘူးပြောတာလဲ "ဒီလောက်ချောတာကိုဖြစ်နိုင်ပါ့မလား"ဆိုတဲ့ အကြည့်ကြီးနဲ့ ကြည့်ခံရတယ်။ ခုစွံသွားလို့စွံပြီပြောပြန်တော့လဲ "အမယ် ဟုတ်လို့လား"ဆိုပြီး ဘယ်သူမှမယုံကြဖူး။

ဘယ်သူယုံယုံမယုံယုံ မာမားယုံလို့တော်သေးတယ်။ အနည်းဆုံးတော့ စော်ပစ်ကောင်လေးဆိုပြီး အစမခံရတော့ဘူးပေါ့။

ရှောင်းကျန့်မှာ တစ်နေ့တစ်နေ့ ပါပါးနဲ့ မာမားမျက်နှာပဲ အကဲခတ်နေရတယ်။ သူတို့ကတော့ သဘောတူတယ်ပြောတာပဲ။ ယုံပါတယ်။ ဘယ်ကထဲက ကိုယ့်သားကို ရောင်းထွက်စေချင်နေကြမှန်းမသိဘူး။

အခုလဲ မနက်စာအတူတူစားကြရင်း ရိပေါ်ကို အိမ်ခေါ်လာဖို့ပဲ ပြောနေကြတယ်။ မာမား ဒီလိုတွေ စွတ်တရွတ်လုပ်နေရင် ရိပေါ်က သူတို့မိသားစုကို ကြောက်နေတော့မှာ။

နှစ်ယောက်သား ပိုပြီးတစ်ယောက်အကြောင်းတစ်ယောက်သိဖို့က ရိပေါ်ကို မိဘအိမ်ခေါ်လာရမှာမဟုတ်ဖူး။ သူတို့က်ခန်းခေါ်သွားရမယ်။ ဟုတ်တယ်။ ဒါမှနှစ်ယောက်ထဲ အေးအေးဆေးဆေးတွေ့ပြီး စကားပြောလို့ရမှာ။

xxxxxxxx

ပထမဆုံး dinner dateကို တိုက်ခန်းမှာပဲ ခမ်းခမ်းနားနားဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်တယ်။

နေပါဦး။ ရိပေါ်က အသက်ပြည့်ပြီးပြီမလား။ ရှောင်းကျန့်စဉ်းစားရင်း သူ့မျက်လုံးထဲ ရိပေါ်မျက်နှာပိကျိလေး ပေါ်လာတယ်။ မျက်ပေတုံးတရုတ်လေး နှာခေါင်းလုံးလုံး နှုတ်ခမ်းလုံးလုံး တကိုယ်လုံး လုံးလုံးနဲ့ ကောင်လေးက အသက်ကတကယ်ပြည့်တာ ဟုတ်ရဲ့လား။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now