2 [U]

14.8K 1.5K 149
                                    

တစ်ပတ်သာ အချိန်ကုန်သွားတယ်။

ပထမဆုံးတွေ့တွေ့ချင်းနေ့မှာပဲ ရိသဲ့သဲ့စကားတွေ ပြောသွားတဲ့ ရှောင်းကျန့်က ရိပေါ်ဆီထပ်ရောက်မလာခဲ့ပါဘူး။ ဖုန်းနံပါတ်ကိုတောင် ဆန်းဆန်းပြားပြား စကားဆိုပြီး တောင်းသွားတဲ့လူက ရိပေါ်ကို လုံးဝမဆက်သွယ်ခဲ့သလို messageလေးတစ်စောင်တောင် မပို့ခဲ့ဘူး။

ဝေ့လည်ကြောင်ပတ်နဲ့ အကိုဝမ်းကွဲဆီက မသိမသာ စကားနှိုက်ဖို့ရာလဲ ဟိုက်ခွမ်းကောက ဟန်နီးမွန်းသွားနေတဲ့အတွက် သူ့မိန်းမနဲ့ကြည်နူးနေချိန် ရိပေါ်က ဖုန်းဆက်ပြီး ရှောင်းကျန့်အကြောင်း မေးလို့လဲ မကောင်းဘူး။

*ထားပါ။ ဘာလို့နှစ်ခါလောက်ပဲ တွေ့ဖူးတဲ့သူကို အာရုံစိုက်နေရမှာလဲ*လို့ တွေးလိုက်မိပြီးနောက် ရိပေါ်ရဲ့ မျှော်တော်မူနေ့ရက်တွေက ပုံမှန်ပြန်ဖြစ်လာတယ်။

xxxxxxx

ရိပေါ်က ခုမှ တက္ကသိုလ်ကျောင်းသားလေး ရှိသေးတာ။ သူ့ရဲ့အချိန်အများစုက ကျောင်းသွားမယ်၊ တက်ချင်တဲ့အတန်းတက်မယ်။ မတက်ချင်ရင် မတက်ဖူး။ မိန်းကလေးများတဲ့အတန်းဆို မတက်ချင်ဘူး။ ဆရာလေပေါရင် မတက်ချင်ဘူး။ ဆရာစာပဲဆက်တိုက်သင်နေရင်လဲ မတက်ချင်ဘူး။ အတန်းထဲစာမေးတဲ့အချိန်ဆိုလဲ မတက်ချင်ဘူး။ အဲတော့ အတိုချုပ်လိုက်ရင် ဘယ်အတန်းမှ မတက်ဖြစ်တာများတယ်။

တက္ကသိုလ်အတွင်းမှာ ဘတ်စ်ကတ်ဘောကွင်း၊ ဘောလုံးကွင်း၊ ရေကူးကန်နဲ့ rock climbingလုပ်လို့ရတဲ့ အဆောက်အဦးပါရှိသလို ကျောင်းဝန်းဘေးပတ်လည်မှာ ဂိမ်းဆိုင်၊ ကော်ဖီဆိုင်၊ စာအုပ်ဆိုင် အစုံရှိတယ်။

အတန်းမတက်ချင်တဲ့အခါမျိုးဆို ကျောင်းဝန်းထဲ ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အားကစားလုပ်နေမလား။ ကျောင်းပြင်ကဆိုင်တစ်ခုခုမှာ အေးဆေးchillနေမလား။

လက်ရှိမှာတော့ ရိပေါ် သူငယ်ချင်းမလေး ဟွေ့လန် မိဘတွေပိုင်တဲ့ ကော်ဖီဆိုင်မှာ လာကူနေရတယ်။ ကပ်စီးနဲမက သူ့လုပ်အားခလဲ တစ်ပြားမှ ခွဲမပေးပါဘဲနဲ့ "ဆိုင်လူရှုပ်နေလို့။ လာကူပါဦး"ဆိုတာနဲ့ သူ့မှာ elective subjectအချိန်ကို လစ်လာရတာ။ ကိုယ်တိုင်အစထဲက အတန်းမတက်ချင်တာလဲ ပါတာပေါ့။

𝐘𝐨𝐮𝐫 𝐥𝐢𝐩𝐬 𝐅𝐭. 𝐌𝐲 𝐧𝐞𝐜𝐤Where stories live. Discover now