အခန်း ၃

10.2K 778 19
                                    

ကားပေါ်ရောက်တော့ ရှောင်ကျန့် မားမားပြောတာ စဉ်းစားမိတယ်။ဘာတဲ့ ရိပေါ်ကို မွေးစားမယ်တဲ့ ..

ဟက်!!

ရယ်ရတယ် ဒီက သားတယောက်အတွက်တောင်အချိန်မပေးနိုင်တာ နောက်တစ်ယောက်တဲ့လား? ပါးပါး ဆိုတာ ခရီးထွက်သွားတာလား နောက်အိမ်ထောင်ပြုသွားတာလား ဆိုတာမသိရပဲ အိမ်က ထွက်သွားတာ ၃ လကျော်ပြီ အဆက်အသွယ်လည်း မလုပ်သလို မားမား ကလည်း ဆက်သွယ်တယ်လို့ မရှိ။

ရှောင်ကျန့်  အတွေးနယ်ချဲ့ မိရင်း ကျောင်းရောက်လို့ ရောက်မှန်းမသိ ရောက်လာခဲ့တယ်။

"သ...သခင်လေး ကျောင်းရောက်ပါပြီ"

ရိပေါ် မရဲတရဲပြောလာတဲ့ အသံပိစိ လေးကြားမှ ရှောင်ကျန့် ပစ္စပ္ပုန် ကို ​​ပြန်ရောက်လာတော့တယ်။

"မင်း လမ်းတွေ မှတ်ထားလား "

"မှတ်ထားပါတယ်သခင်လေး"

"ကောင်းပြီ....ညနေမင်းဘာသာ လမ်းလျှောက်ပြန်"

"သခင်းလေး သခင်မကြီးက.... "

"ဦးကျိူးနဲ့ မဆိုင်ဘူး။ ဝင်မပါနဲ့"

ဦးကျိူး(Driver) ကပြောပင်မဲ့ ရှောင်ကျန့်က ခပ်မာမာ ပဲ ပြန်ပြော လိုက်မိတယ်။

"ရပါတယ် ကျွန်တော် လမ်းလျှောက်ပဲပြန်ခဲ့မယ်"

ရိပေါ် ဦလေးကျိုးကို ပြဿနာမပေးချင်တာကြောင့်အမြန်ပင်ပြောလိုက်သည်။

"အင်း မုန့်စားကျောင်းဆင်းရင် ငါဆီအရင်လာခဲ့ canteen မှာပဲစောင့်မယ်.."

"သခင်လေး ကျွန်တော်မသိ .. "

"မင်း အ' နေ လို့လား? မသိရင်မေးလာပေါ့။ "

"ဟုတ်"

ရှောင်ကျန့်လည်း ရိပေါ်ဆီက အဖြေရတာ နဲ့ အခန်းဘက်ကိုသာ ဦးတည်လိုက်တယ်။

"ကျောင်းအုပ်ကြီး ရုံးခန်း အင့်! "

ရိပေါ် ကျောင်းအုပ်ကြီးရုံးခန်း လှည့်ပတ်ရှာနေတုန်း အနောက်က ဝင်တိုက်တာ ခံလိုက်ရတယ်။

"သွေ့ .. သွေ့ပုချိ"

ဖြူဖြူသေးသေး မို့ ရိပေါ်ပြုံးလိုက်မိတယ်။ သူလောက်တော့မဖြူပင်မဲ့ ခန္ခာကိုယ် ကသူ့ထက်သေးသည် အရပ်ကတော့ အတူတူလောက်ပဲရှိတယ်။

THE PAIN  [ Completed ] Where stories live. Discover now