Zawgyi version
"ကဲကဲ......အားလုံး ညစာစားလို့ရပြီ"
လင်းကျောက် တယောက်ကနေ အော်ပြောလိုက်သည်..
ခနကြာတော့ စားပွဲ ဝိုင်းမှာ လူစုံတက်စုံရောက်လာတော့သည်.."ဝါး....လင်း ဟင်းတွေအများကြီးနော်..."
"လင်းလည်း ဘာလုပ်လို့လုပ်ရလည်း မသိလို့ ဟီး"
"ပါးပါး...လင်းငယ်က အရမ်းဟင်းချက်တော်တာ"
"ဟုတ်လား...ဒါဆို ကျန့်လေး များများ စားရမယ်နော်"
"ဟုတ်..."
ထိုနောက်ထမင်း ဝိုင်းလေးဟာ တိတ်ဆိတ်သွားတော့သည်...
"လင်း..."
"ပြောပါ ရိပေါ်ကော"
"မနက်ဖြန် ဝူတန် နဲ့ ယဲ့ကျိုး wedding ရှိတယ် လိုက်မယ်မလား"
"မလိုက်တော့ဘူးလေ ကော...ကလေးတွေကို ကျောင်းပို့ပြီးတာ နဲ့ company
တန်းသွားတော့မယ်""လင်းရယ် အလုပ်လုပ်တာလည်း လုပ်ပေါ့ ဝူထန်ကိုယ်တိုင်ဖိတ်ထားတာကို"
"အာ...ရိပေါ်ကော company မှာရှောင်ကော ရှိရင် ကျနော်ရှိမှဖြစ်မှာကောရဲ့"
"ဟုတ်တယ်...သဲငယ်ရဲ့ ကိုယ်မရှိရင် လင်း ရှိမှဖြစ်မှာ ".
ရှောင်ကျန့် တယောက် ရိပေါ် နောက်ကနေ ခါးကို ဖက်ကာ ပြောလိုက်သည်
"အား...ကော တို့နော် လူပျိုလေး ကို အားကျအောင်လုပ်ပြန်ပြီ"
"လင်း လည်းငယ်တော့တဲ့ အရွယ်မဟုတ်ဘူး...ရှာတော့လေ"
"ကျန့်လေး နဲ့ ရှောင်းငယ် တို့ အသက်ပြည့်မှ ကျနော် အိမ်ထောင်ပြုဖို့ စဉ်းစားမယ်လေ"
"လင်းငယ်....အိမ်ထောင်မပြုရဘူးနော် လင်းငယ် ကို ကျနော်စောင့်ရှောက်ပေးမယ်"
ဘယ်ကမှန်းမသိ ပေါ်လာသည့် ကျန့်လေးက ပြောလိုက်သည်
"ကျန့်လေး မင်းက အခုမှ 13 နှစ်ဘဲရှိသေးတာလေ မင်းလင်းငယ်က 25 အိမ်ထောင်ပြုဖို့ အချိန်ရောက်ပြီလေ"
ရိပေါ် စကားကို ကျန့်လေး ကအလိုမကျဟန်ဖြင့် မျက်ခုံး တွန့်ချိုးကာ စဉ်းစားနေသည်..