*ဒေါက်...ဒေါက်*ရှောင်ကျန့်အခန်းထဲမှာ ဂနာမငြိမ်ဖြစ်နေတုန်း တံခါးခေါက်သံကြောင့်လန့်သွားမိသည်။ ဝမ်ရိပေါ်ပဲနေမှာ ..
"သခင်လေး ကျွန်တော်ဝင်လာပါပြီ"
ရိပေါ် အခန်းရှေ့မှာ မိနစ်အနည်းလောက်ရပ်နေပြီးနောက်မှ တံခါးခေါက်ရန်ဆုံးဖြတ်လိုက်သည်။ ထိုနောက် တံခါးခေါက်ပြီး ဝင်ခွင့်တောင်းလိုက်တယ်။
"အင်း...လော့မချထားဘူး"
ရိပေါ်လည်းရှောင်ကျန့် ဆီက ဖြေသံကြားတာနဲ့ စိုးရိမ်ပူပန်နေတဲ့စိတ်ကိုဘေးချိတ်ထားကာ အခန်းထဲကို ဝင်ခဲ့လိုက်တယ်...
"တံခါးလော့ချခဲ့"
"ဟုတ်..သခင်လေး"
တံခါးလော့ချပြီးရှောင်ကျန့် ရှေ့မှာ ကုတ်ကုတ်လေး ရပ်နေလိုက်တယ်။ အများကြီးအပြစ်မပေးဖို့မျှော်လင့်ရတာပဲ
"ဒီနေ့ ဘယ်သွားလဲ "
"ဟို..ဟို..ဝူထန် နေမကောင်းလို့
သူ့ဆီခနသွားတာပါ"ကြောက်စရာကောင်းနေတဲ့ရှောင်ကျန့်ရဲ့ ပုံစံကြောင့် ရိပေါ်သတိကြီးကြီးထားကာ ပြန်ဖြေလိုက်သည်။
"ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ?
"ဘယ်..ဘယ်သူ့ခွင့်ပြုချက်မှ မပါပါဘူး"
"အဲ့ဒါဆို ကိုယ့်သဘောနဲ့ ကိုယ့်ပေါ့"
ရိပေါ်ခေါင်းလေးက ဂုတ်လေးထဲပိုပုဝင်သွားပြီး စိတ်ထဲမှာ ငါတော့သွားပြီလို့ စိတ်နှလုံးဒုန်းဒုန်းချကာ ခေါင်းငြိမ့်ပြပြီးပြန်ဖြေလိုက်သည်။
"ဟုတ်..ဟုတ်ပါတယ်သခင်လေး"
"ကောင်းပြီလေ..မင်းက ငါကို ဂရုမစိုက်တာလား"
"မ...မဟုတ်ပါဘူး... သခင်လေး"
"ဟက်...ဟုတ်ပါတယ်...အဲ့တော့ အပြစ်ပေး
ရမယ်ထင်တယ်"ရိပေါ် အခုချိန်မှာ တုန်လှုပ်နေမိသည် တခြားအပြစ်လုပ်ထားရင်ကိစ္စမရှိပင်မဲ့ အခုကျ သခင်လေး ပြိုင်ဖက် ကိုမှဂရုစိုက်ပေးမိတာကို ဒီနေ့မှ အိမ်မှာသခင်လေး ရယ် သူရယ် နှစ်ယောက်တည်း
တခုခု ကို ဆွဲမယ့်လူ တားမယ့်လူ လည်းမရှိဘူး...
![](https://img.wattpad.com/cover/223548801-288-k419757.jpg)