အခန်း ၁၁

9.6K 562 16
                                    


"ငါရောက်ပြီ ရိပေါ်"

ရိပေါ် ကျောင်းခေါင်မိုးထပ်မှာ မတ်တပ်ရပ်ကာအ​ဝေးကိုငေးကြည့်နေတုန်း ဝူထန် စကားကြောင့် ဝူထန်ရှိရာဘက်သို့ လှည့်ကာ..

"ဝူထန်...သွေ့ပုချိ"

ရိပေါ် က စာမေးပွဲနောက်ဆုံးနေ့အဖြေပေးမယ်ပြောလို့ ဝူထန် နဲ့ ရိပေါ်. ကျောင်းခေါင်မိုးထပ်ကို ရောက်နေခြင်းပင်....သူရိပေါ် အဖြေအား ကြိုသိနေသော်လည်း ပြောင်းလို ပြောင်းငြား လာခြင်းဖြစ်သည်.. အခုတော့သူမှာအခွင့်ရေးမရှိတော့ဘူး။

"ငါ..မင်းနဲ့ မဖြစ်နိုင်ဘူး ဝူထန်.. ငါမင်းကိုသူငယ်ချင်းလိုပဲ သဘောထားခဲ့တာပါ "

တကယ်လို့ သခက်လေးကိုသာမချစ်မိခဲ့ရင် ဝူထန် မင်းကိုငါချစ်လာနိုင်မယ်ထင်တယ်။ ဒါပင်မဲ့အခုတော့ ငါချစ်တဲ့လူက သူတစ်ယောက်ပဲ။

"အင်း...ကိုယ်သိပါတယ် ကိုယ်နိုင်ငံ ခြားသွားရတော့မယ်...မင်းကောင်းကောင်းနေခဲ့ပါ"

ဝူထန်ပြောပြီး တဖက်သို့လှည့်ကာပြေးထွက်ခဲ့မိတယ် မျက်ရည်များ က အဓိကကျဆင်းလျက်

အချစ်ဆိုတာ ငါအတွက်မရှိခဲ့တာလား..
ပထမ အချစ်ဦး ကိုလည်း ဆုံးရှုံး ခဲ့ရပြီ..
အခု တဖန်ပြန်ပေါက်ဖွားတဲ့ အချစ်ကိုလည်း..
ပိုင်ဆိုင်ခွင့်မရှိပြန်ဘူးလား...
ငါက အချစ်ရေးလမ်းကြောင်းမှာ ကျွန်းတင်
မဟုတ်ဘဲ သမုဒ္ဒရာ အစင်းတစ်ရာလောက်
ခံနေတယ်ထင်ပါရဲ့......

~~~~~~~~~~~

# Flashbacks #

"ကိုကို..."

"မိန်းမိန်း ..လာပြီလား"

"ကို မိန်းတို့ အိမ်က ပြောင်းရတော့မယ်"

"ဟင်...ဘယ်ကိုလည်း"

"မိန်း အဖွားတွေ ရှိတဲ့ဆီကို တဲ့ ကိုကို နဲ့မခွဲနိုင်ဘူး.."

"ကိုကို တို့ကျောင်းပြီးရင် တွေ့လို့ရတာ ဘဲလေကွာ"

"ဟုတ်ကိုကို.. မိန်းကို လာတွေ့နော် စောင့်နေမယ်"

ရှေ့က ချစ်ရသူက သူ့ရဲ့ မူပိုင်အပြုံးလေးများနှင့် ဆွဲဆောင်နေတော့ ဝူထန်လည်း အသဲယားစွာ ချစ်ရသူ ဆံပင်လေးကို ဖွပေးမိတယ်...ဟော လာပါပြီ မထိုးတက်ထိုး တက်အူယားစရာ မျက်စောင်းလေး...

THE PAIN  [ Completed ] Where stories live. Discover now