အခန်း ၂၁

4K 300 16
                                    


*ဒေါက်....ဒေါက်*(တံခါးခေါက်သံ)

ရှောင်ကျန့် ရုံးခန်း ထဲ တွင် အလုပ်လုပ်နေချိန် တံခါးခေါက်သံကြောင့်

"ဝင်ခဲ့"

ရှောင်ကျန့် ရဲ့ အတွင်းရေးမှူး ဝင်လာသည်

"ရှောင်ကော ဒီနေ့..... "

"ငါ...ဒီနေ့ မသွားဖြစ်ဘူး လင်း"

"ရှောင်ကော မရဘူးလေ...လင်း က အားလုံးစီစဉ်ပြီးပြီဗျ"

ရှောင်ကျန့် စိတ်ညစ် ဟန် ဖြစ်

ကျစ်....Yè Group ရဲ့ တစ်ဦစတည်းသော သား အသက် 23 ပြည့်တာ ပါတီ အသေးစားလေး လုပ်မည် ဟု၍ ဟိုတလောက Yé CEO ကိုယ်တိုင် တကူးတက လာဖိတ်ကြားထား ခြင်းပင်...ရှောင်ကျန့် ထိုသို့ လူများသော နေရာသို့ မသွားချင်ပါ...ကျန့်လေး နဲ့ ရှောင်းငယ် ကိုလဲကလေး ထိန်းနဲ့ သာ ထားခဲ့ရတာ စိတ်ချသည်မဟုတ်...

ရိပေါ် မင်းသာ ရှိရင်....ဟင်း...မဆီမဆိုင် ပျောက်သွားတာ  3 နှစ်ရှိပြီ ဖြစ်တဲ့ ရိပေါ် အကြောင်း တွေးမိတော့ နှလုံးသားလေးက နာကျင်လာပြန်သည်...

"ကောင်းပြီ လင်း ငါသွားမယ်...ဝူထန် ရော ငါတစ်ယောက်တည်းမသွားဘူးဆိုတာ ပြောပြီးသား"

"ဝူထန်ကော က ကားပေါ် မှာ ရောက်နေပြီ ရှောင်ကော...စိတ်ချပါ
ကျန့်လေး နဲ့ ရှောင်းငယ် ကို ကျနော် သွားကြည့် လိုက်မယ် "

ပေါ့ပေါ့ပါးပါး ပြုံးရယ်လျက်ပြောနေသော လင်းကျောက် ဆိုသော ကောင်လေး ကို ရှောင်ကျန့် ပြုံးကာ ကြည့်နေမိသည်...လင်းသည် ရိပေါ် လောက်ချစ်ဖို့မကောင်းပင်မဲ့ ရိပေါ် နှင့် တူသော စိတ်ထားလေး ရှိသည် အရာရာကို သည်းခံပေး နိုင်သည့် ကောင်လေး တယောက်ဖြစ်သည့်အတွက် ရှောင်ကျန့် ညီလေး အရင်းတယောက်ကို ချစ်မိသည် လင်း ဆိုသည့် ကောင်လေး သည်လည်း မိမိ အား အကိုရင်းသဖွယ် ခင်တွယ်ရုံသာ မက ကျန့်လေး နဲ့ ရှောင်းငယ် ကို လည်း တကယ့် မောင်နှမ အရင်းတွေ သဖွယ် စောင့်ရှောက်ပေးသည်...ရိပေါ် မရှိတဲ့ နောက်ပိုင်း လင်း ကြောင့် ကလေးတွေ ကိစ္စ သိပ်အပူအပင်မရှိတော့ပေ
တခါတလေကျရင်လည်း လင်း ကို အားနာ မိသည် အကြောင်းက
Xiao CEO နှင့် အတွင်းရေးမှူး တို့ ချစ်ကြိုက် နေသည် ဟု သတင်း ထွက်ပြီး လင်း ကို ဝိုင်းအပြစ်တင် ပြောဆိုနေကြ သည်မှာ မြင်မကောင်း သို့ပင်မဲ့ အနှီးကောင်လေး ကတော့ "သူတို့ပြော နေတာတွေက အမှန်မှမဟုတ်ဘဲ လင်း ဘာနာ စရာရှိလို့လည်း " ဟု အေးအေးလူလူ ပြောနေသည့် ကောင်လေး သည် ရိပေါ် အမွှာလား ဟူပင်ထင်ရအောင် သည်းခံနိုင်လွန်းသည်...

"ရှောင်ကော....ဒီတစ်သက်သွားအုံးမှာလား"

"ဟေ....သွားမှာပေါ့ ငါမင်း ထက် 6 နှစ်တောင်ကြီးတယ်နော်
စကားကို ရိုရိုသေသေပြော"

အယ်ဗျ...လင်း လည်း ဘာပြောနေလို့လည်း ဟု ပြန်ပြောလိုက်ချင်ပင်မဲ့ ရှောင်ကော က သူ့ခြေတံရှည်ကြီး နဲ့ ခြေလှမ်း အကျဲ ကြီး လှမ်းကာ အပြင်သို့ပင် ရောက်သွားလေပြီ..

လင်း လည်း ရှောင်ကော ထွက်သွားသည် နှင့် ရှောင်းငယ် နဲ့ ကျန့်လေးကို ကျောင်းကြိုရန်သာ ထွက်လာခဲ့တော့သည်...

"ရှောင်ကျန့်....!!!"

နား, နား သို့ကပ်အော် သလား မှတ်ရအောင် ကျယ်လောင်စွာ ထွက်လာသော ဝူထန် အသံ ကြောင့် ရှောင်ကျန့် နား စည်တောင် ကွဲ ထွက်မတက်ပင်...။

"ကြားတယ်...လဒရဲ့ အသက်အရွယ်လေးရလာခါနီးမှ ရိုင်းအောင်လာမလုပ်နဲ့"

ရှောင်ကျန့် ထိုသို့ပြောတော့ ဝူထန် ကရယ်သည်..

"မင်း ကဘယ်တုန်း က ယဉ်ကျေး ဘူးလို့လည်း" တဲ့

ဟုတ်တယ်...ရှောင်ကျန့် ဆိုသည်မှာ လူမှုရေး အရ စကားကို လိုက်လျောညီထွေ အောင်ပြောတက်ပင်မဲ့ အမှန်တကယ်တော့ ယဉ်ကျေး သည့်လူတစ်ယောက်မဟုတ်ပေ...

"မင်း လိုက်မှာ မလား"

"ရောက်လာပြီး မှတော့ လိုက်မှာပေါ့ဟ"

"အဲ့တာဆိုလည်း ဆင်း"

ရှောင်ကျန့် ထိုသို့ ပြောပြီး သူ ကားပေါ် ကအရင်ဆင်းပြီး ခြံဝန်း ထဲသို့ဝင်လာခဲ့သည်...

ယဲ့ဦးလေး ပြောတော့ ရင်းနှီးသော မိတ်ဆွေ အနည်းငယ်သာ ဖိတ်ကြား ထားခြင်း ဖြစ်သည်တဲ့...အခုတော့ တစ်နိုင်ငံ လုံးများ ဖိတ်ထားသလားမှတ်ရအောင် လူအများအပြားတွေရသည်...

ကျစ်...ခေါင်းက နောက်ကျီကျီ ဖြစ်လာသည်...မိမိ ဆိုသည်မှာ လူလေးနည်းနည်း များသည်နှင့် လူနံ့ မခံနိုင်ရသည် နှင့် ဆေးလိပ်နံ့ မခံနိုင်ရသည်နှင့် အရမ်း serious ဖြစ်လွန်း သည်...မနေနိုင်သည့် အဆုံးToilet ဘက်သို့သာ ထွက်လာခဲ့သည်...

"ဘုတ်...အင့်"

"တကယ်ဘဲ လူတယောက်လုံးကို မမြင်ဘူးလား"

ခေါင်းမူးရသည် က တကြောင်း Toilet ထဲ တွင် မှောက်ယက်ကျနေသော မိမိအခြေအနေ ကို ရှက်သည် က တကြောင်း နှင့် မဆီမဆိုင်ဟင်တိုက်သည့် သူအပေါ် ဒေါသ ပုံချမိသည်...

"သွေ့...သွေ့ပုချိ...ကျွန်တော်မမြင်လိုက်လို့ပါ"

ဟင်...ဒီအသံက ရှောင်ကျန့် အသံလာရာ ကို တဖြေးဖြေးမော့ ကြည့်တော့ သူနှလုံးသား က အလွန်အမင်း ခုန်လာပြီ...သူ့ကမ္ဘာကြီး ခဏတာတိတ်ဆိတ်သွားသည်...။

_____________________________________

# (Love U all my readers) 💚

THE PAIN  [ Completed ] Where stories live. Discover now