"ကိုကို ရေ""ကိုယ်ရေချိုးခန်းထဲမှာ .. ရိပေါ် "
ကောင်လေးတယောက်ရဲ့ ခေါ် သံကို ရေချိူးခန်းထဲက ကောင်လေး ကထူးရင်းပေါ့။
"ကျန့်လေး က နို့မှုန့်တဲ့ ကိုကို"
"ဖျော်တိုက်လိုက်လေ ကလေးရဲ့"
"မဟုတ်ဘူး...နို့မှုန့်ကုန်နေလို့ကိုကို ကျန့်လေးက ဂျီကျနေတယ်"
"ကိုကိုသွားဝယ်ပေးမယ် ခဏလေးနော် ရိပေါ် "
"ရတယ်ကိုကို ကျွန်တော်ပဲ သွားဝယ်လိုက်မယ်"
" နေပါအုံး ရိပေါ်ရဲ့ မှောင်နေပြီနော်"
"ကိုကို ကျွန်တော်က မိန်းကလေး မဟုတ်ဘူးနော်"
ဆိုကာ စိတ်ဆိုးပြီး ကားသော့ဆွဲ ကာ ထွက်သွားသည့် ကောင်ငယ်လေး။ ရေချိူးခန်းထဲက ကျန်ခဲ့တဲ့ ရှောင်ကျန့် တစ်ယောက်ကတော့ ရယ်မောရင်းပေါ့။
~~~~~~~~~~~~~~~
နာရီအနည်းငယ်ခန့်ကြာသော်....
"Daddy.... အူးဝါး..."
ကလေးငိုသံကြားမှ ရှောင်ကျန့် တယောက်နိုးလာပြီး ကျန့်လေး ကိုကောက်ချီကာ နာရီကို ကြည့်မိတော့ 12 တောင်ကျော်နေပြီ...
ထိုနောက်ကျန့်လေးကို သူအခန်းမှာသွားသိပ်စေပြီး..ကိုယ့်အခန်းပြန်လာတော့ အခန်း ထဲမှာ ရိပေါ်ရှိမနေခဲ့။ဟုတ်သားဘဲ... ရိပေါ်နို့မှုန့်သွားဝယ်..ဟင် 8 နာရီ ထဲကသွားတာ လေ..အခုထိပြန်မရောက်သေးတာလား..တခုခု ဖြစ်နေလို့လား..
ရှောင်ကျန့် ဖုန်းထုတ်ကာ ခေါ် ကြည့်တော့...
"လူကြီးမင်းခေါ် ဆိုသော တယ်လီဖုန်းမှာ..."
ဟာ...ရှောင်ကျန့် စိုးရိမ်စိတ်တွေ ဒီဂရီ အဆုံး ထိရောက်နေပြီ...
ထိုနောက် သူကိုယ်တိုင်ထွက်ရှာရန် ဟောက်ရွမ်း တို့ဆီ ဖုန်းခေါ် လိုက်သည်..."ဟယ်လို...ဟောက်ရွမ်း "
"........"
"ရိပေါ် .. ရိပေါ် ညကတည်းကပျောက်နေလို့"
".........."
"အင်း.. ကျေးဇူးပါကွာ"
"......"