ရှောင်ကျန့် ၏ အနမ်း တို့သည် ကြမ်းတမ်းတာထက်ပိုလာ သည်ကို ရိပေါ် သတိပြုမိသည်.. အသက်ရှုကြပ်ပြီးသေတော့မယ်ထင်တယ်။ အဲ့တာကြောင့် ရှောင်ကျန့်ကိုရှင်းပြရန် သူ့ရင်ဖက်ကို ရှိသမျှအားကုန်သုံးကာ တွန်းလှန်လိုက်သည်။ ခဏအကြာမှ ရှောင်ကျန့်က နမ်းနေရာမှဖယ်ခွါလိုက်သောအခါ ရိပေါ့်နှုတ်ခမ်းလေးဟာ ကြည့်လို့တောင်မကောင်းတော့ပေ။" သခင်လေး ကျွန်တော်ပြောတာ နားထောင်ပေးပါအုံး "
ရိပေါ်အသက်ရှုရခက်နေပုံကို ရှောင်ကျန့်ကြည့်နေပြီး ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်မိသည်။
" ကိုယ်တောင်းပန်ပါတယ် .. မင်းမကြိုက်ဘူးဆိုတာ သိပင်မဲ့ တောင်းပန်ပါတယ် .. ကိုယ့်ကိုပဲရွေးချယ်ပေးပါ .. "
ရှောင်ကျန့်ထိုင်နေရင်း ခေါင်းကိုခါရမ်းကာ တတွင်တွင်ပြောနေမိသည်။ ထိုပုံစံကြောင့် ရိပေါ်သေချာသွားသည် သခင်လေးအရက်တွေသောက်လာတာကို ပြီးတော့ မူးပြီးသူ့ Diary ကိုဖတ်တယ်? သူ့ကိုချစ်တဲ့အကြောင်းတွေရေးထားတာကို ဝူထန်အကြောင်းတွေလို့ထင်နေတာလား?
ဒါပင်မဲ့ ရိပေါ်ဘာမှမပြောသေးပဲ ရှောင်ကျန့်ကိုကြည့်နေမိသည်။ တကယ်ကြီး ဝူထန်ကိုရွေးချယ်သွားမှာကြောက်နေပုံပေါ်သည်။ သူ့နှလုံးတွေအခုန်မြန်လာတယ် ဒါဆို သခင်လေးကရော သူ့အပေါ်ခံစားချက်ရှိနေတာလား ? အမြဲအနိုင်ကျင့်နေတဲ့ သခင်လေးကလေ?
" ရှောင်ကျန့် "
ရိပေါ်ရှောင်ကျန့်ရှေ့မှာ ထိုင်ချလိုက်ပြီး ရှောင်ကျန့်ရဲ့ နဖူးကိုလက်ညိုးနဲ့အတာတွန်းထုတ်လိုက်သည်။ ရှောင်ကျန့်မှ ခပ်တည်တည်ကြည့်နေသော်လည်း ဘာမှမတုန့်ပြန်တာကြောင့် ရိပေါ်မေးခွန်းစမေးဖို့သာ ပြင်လိုက်တော့သည်။
" ရှောင်ကျန့် ကျွန်တော့်ကိုချစ်လား? "
ရိပေါ်အမေးကို ရှောင်ကျန့် ပြန်မဖြေသေးပဲ သူ့ဘောင်းဘီအိပ်ကပ်ထဲက တစ်ခုခုကိုရှာနေပုံပေါ်သည်။ သူဘာရှာနေတာလဲ?
ခဏအကြာမှာ ရှောင်ကျန့်ဘောင်းဘီအိတ်ကပ်ထဲက ထွက်လာတဲ့ အနီရောင်ဗူးလေး။