ရှောင်အိမ်တော်အတွင်း ကောင်လးတစ်ယောက်ရဲ့ ဆောက်တည်ရာမရ မယုံကြည်နိုင်ဖြစ်နေတဲ့အသံ တစ်သံ ကျယ်လောင်စွာပြန့်လွင့် လာလေသည်... ။
"ဗျာ! မဖြစ်နိုင်ဘူး မဟုတ်ဘူး လိမ်နေတာ လိမ်နေတာ!!"
မဖြစ်နိုင်ဘူး .. မဖြစ်နိုင်ဘူး။ ပါးက ငါကို ထားသွားမှာ မဟုတ်ဘူး။
သူတို့လိမ်နေတာ...
ရိပေါ် လေးကိုကြည့်ပြီး ကျန်းလျိူ စိတ်မကောင်းဖြစ်မိတယ် သူပါးပါး မရှိတော့ဘူးဆိုတာ လက်မခံနိုင်ဘူးတဲ့လေ။ ရိပေါ်လေး အဖေကို အကို (ရှောင်ခင်ကြီး) ကပစ္စည်းသွားပို့စေလိုတာကြောင့် သူမကိုယ်တိုင်ပင် ရထားလက်မှတ်ဖြတ်ပေးလိုက်ခြင်းဖြစ်သည်။
ရိပေါ်လေးအဖေပါတဲ့ ရထားတွဲက ပေါက်ကွဲမှု ဖြစ်တယ်တဲ့ အလောင်း တွေကလည်း ရုပ်ပျက်ဆင်းပျက် ဆိုတော့ ဘယ်သူ ဘယ်ဟာ မှန်းမသိ ရထားတတွဲလုံးမှာ အသက်ရှင်တဲ့သူ မရှိဘူးတဲ့ လေ။
ရှောင်ကျန့် ရိပေါ်ကိုကြည့်ပြီး သနားစိတ်တော့ ဝင်မိသား အခုတော့ တကောင်ကြွက်ဘဝရောက်ပြီလေ။
>> နှစ်အနည်းငယ်ကြာသော်... >>
ပါးရေ ပါးဖြစ်စေ ချင်တဲ့ ပညာတက်ကြီး ဖြစ်တော့မယ်။ ပါးလည်း ကောင်းကင်ပေါ်က နေကြည့်ပြီး ပြုံးနေနိုင်ပါစေနော်။
ရိပေါ် အတွက် အတိတ်ဟာ အလွန်ပင် စိတ်ပျက်စရာ ကောင်းခဲ့သည်။ ပါး မရှိတော့တဲ့ နောက်ပိုင်း ရှောင်သခင်မကြီး နဲ့ သခင်ကြီးက မွေးစားပင်မဲ့ ရှောင်ကျန့်က တော့ သူ့အပေါ်အနိုင်ယူစမြဲပင်...
အလယ်တန်းကနေ အထက်တန်းထိတလျှောက်လုံး ကျိရန် နှင့် သူငယ်ချင်းဖြစ်သော်လည်း ကျိရန်နှင့် သွေးခွဲသည်။ ကျိရန် ကလည်း ရိပေါ် အကြောင်း သိသဖြင့် အထွေအထူးတော့ မဖြစ်ခဲ့ပေ။ အဲ့တာနဲ့ အားမရလို့ ကျိရန် မိဘတွေကို ပိုက်ဆံပေးပြီး ကျိရန်ကို ကျောင်းပြောင်းခိုင်းသည်တဲ့လေ ကျိရန် မရှိသည့်နောက်ပိုင်း တယောက်တည်းသာနေတက်လာခဲ့ တော့တယ်။ အဲ့တုန်းက ရှောင်ကျန့်သူ ကို စကား တခွန်းသာပြော ခဲ့သည်။