ရိိပေါ်က ငါ့ကို မမှတ်မိ ဘူး ဒါဆို မင်းယဲ့ကျိူး ဆို တဲ့တယောက်ကရော ရိပေါ်နဲ့ ဘာတွေ လည်း.... ဟင့်အင် ရိပေါ် ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူး...ဒါဆို ဘယ်လို လုပ်ရမလည်း ခိုးပြေးရမလား...ခိုးပြေး ရအောင်လည်း ရိပေါ် က ငါ့ ယောကျာ်းဘဲ ဒါပင်မဲ့ သူ့ကိုယ်သူ ဖုန်းယဲ့ ဘဲ ပြောနေတယ်...ရိပေါ် က အတိတ်မေ့ နေ လို့ ငါ ကိုမမှတ်မိတာပါ... တကယ်ပဲ ရိပေါ်ဆီမှာ ဘာကိစ္စဆွေဖြစ်ခဲ့တာလဲ?*ဟင်း*(သက်ပြင်းချသံ)
"ဒယ်ဒီ ရှောင်းငယ် တို့နဲ့ အပြင်ထွက်ရမှာ မပျော်လို့လားဟင်"
ငိုမဲ့မဲ့ နဲ့ ပြော လာသော သမီးလေးရှောင်းငယ် ပေါင်ပေါ် တင်ကာ
"မဟုတ်ပါဘူး ရှောင်းငယ်လေးရယ်...ဒယ်ဒီ က...."
ကလေးတွေရှေ့မှာ မပြောသင့်ဘူး မလား....သူ့ပါးပါး ကို ကလေး တွေလည်း သတိရနေလောက်ရောပေါ့...
"ပါးပါး ကို သတိရနေပြီ လား ဒယ်ဒီ"
ဘေးက ထိုင်နေတဲ့ ကျန့်လေး စကားကြောင့် ရှောင်ကျန့် တယောက်ပြာပြာသလဲလဲ ဖြစ် လာတော့သည်။
"မဟုတ်ပါဘူး...ကျန့်လေး ရဲ့ သားတို့ ပါးပါး က အလုပ်ကိစ္စနဲ့ ခရီးသွားတာလေ...မကြာခင်...အင်း...မကြာခင်ပြန်လာတော့မှာပါ"
ရှောင်ကျန့် ကလေး တွေကို နှစ်သိမ့် ရင်း သူ့ကိုယ်သူလည်း အပြစ်တင်နေတယ် ကလေးတွေရှေ့နောက် ဒီလို မညည်းသင့်ဘူး မလား။
"ကဲ...ဒယ်ဒီ ရဲ့ အသက်လေးတွေရေ စင်တာ ရောက်ပါပြီဗျ ဝယ်ချင်တာ မြန်မြန်ဝယ်ကျနော် နေ့လည်စာစားချိန် နီးနေပြီ"
ရှောင်ကျန့် ကားပေါ် က ဆင်း ရင်း ကလေးတွေကို ပြောပြီး လင်းကျောက်ဘက်သို့လှည့်ကာ...
"လင်း...လိုက်မှာလား..."
"လင်းလား...လိုက်မယ်လေ..ကားပါကင်ထိုးပြီး မှ လာခဲ့မယ်ကော"
"ကောစောင့်နေမယ်လေ...လင်း တူမ နဲ့ တူ ကို ကောတယောက်တည်းမနိုင်ဘူး.."
"ဟားဟား...ကောကတော့နောက်ပြီ"
လင်းကားပါကင်သွားထိုးတော့ ရှောင်ကျန့် ကကလေး နှစ်ယောက်လက်ကိုဆွဲကာ လင်း ကိုဆွဲကာ စောင့်နေလိုက်တော့သည်...
