ပြတင်းပေါက်အခန်းစည်း လိုက်ကာ ထိုးဖောက်ကာ အခန်းတွင်းအိပ်ယာ ထက်၌အိပ်နေသော ကောင်လေး၏မျက်နှာ နှနှ လေးပေါ် ကျရောက်လာသော နေရောင်ကြောင့် ထိုကောင်လေး
လှုပ်လှုပ်ရွရွ ဖြင့် နိုးလာခဲ့သည်။ငါရဲ့ မနက်ခင်းတိုင်း ကိုကိုနဲ့ တူတူ ဖြတ်သန်းရရင် နေ့တိုင်းဟာ လှပနေမှာပါ...
ရိပေါ် တယောက် နိုးတာတောင် ရှောင်ကျန့်က မနိုးသေး ရိပေါ် ရှောင်ကျန့် ဆံပင်လေးကိုသပ်တင်ပေးကာ အိပ်ယာမှ ထမည်အလုပ်...
"အ့"
ခါးအောက်ပိုင်းက နာကျင်လာတာကြောင့်ရိပေါ် မျက်နှာ ရဲ ခနဲဖစ်သွားတယ်။ ဘာမှမဖြစ်ဘူး ဒါကလက်ထပ်ပြီးတဲ့ လူတိုင်းဖြစ်ကြတာပဲ ကြောက်နေဖို့မလိုဘူး ရိပေါ်ကိုယ့်ကိုကိုယ် အားပြန်ပေးလိုက်သည်။
"ရိပေါ် .. နိုးနေတာကြာပြီလား.. ဘယ်သွားမလို့လဲ ? "
"ကျွန်တော် ရေချိူးခန်း သွားမလို့ပါ .. "
"ကိုယ်လိုက်ပို့မှာပေါ့"
"ဟုတ်"
ရိပေါ် အလှဆုံးပြုံးပြလိုက်သည်။ ဒီလူက အခုမှပိုနူးညံ့လာတယ်။ ဆေးများမှားစားမိလို့လား?!
"ဒါပင်မဲ့ Morning kiss"
ရှောင်ကျန့် နှုတ်ခမ်းဆူကာပြောတော့ ရိပေါ် ရှက်ရှက်နဲ့ ခေါင်းငုံ့လိုက်မိတယ်..
"မပေးချင်လည်း...အု"
ရှောင်ကျန့် စကားမဆုံးခင် ရိပေါ်က နှုတ်ခမ်းကို အပေါ်တလည့်အောက် တလည့် စုပ်ယူကာ နမ်းလိုက်သည်...
အနမ်းများက ရမ္မက်ကင်းဝေးကာ နူးညံခြင်းဆီသို့..
ဆန်းကြယ်လှသည်..မိနစ်အနည်းငယ်ကြာ နှစ်ယောက်စလုံး..
အသက်ရူရတာ ခက်လာသည်မို့ နမ်းနေရာမှ ရပ်လိုက်ကာနှစ်ယောက်သား ရွန်းရွန်းစားစား စိုက်ကြည့်နေကြသည်..
တီ...တီ...တီ..
"ပေါင်ပေ့ ဖုန်းလား"
"အင်း.."
ရှောင်ကျန့်လည်း စားပွဲပေါ် မှာရှိတဲ့ လာနေတဲ့ဖုန်းကို ယူကာ ရိပေါ်ကိုပေးလိုက်သည်။ စိတ်ထဲမှာလဲသူများ မနက်ခင်းလေးကိုနှောက်ယှက်တဲ့ကောင်ကို ကျိန်ဆဲနေမိသည်။