အခန်း ၁၅

7.1K 423 27
                                    


ရှောင်ကျန့် အိပ်နေရင်းဘေးကို လက်စမ်းကြည့်တော နေရာအလွတ်တိုင်းရှိနေတာမလို့...ထကြည့်လိုက်တယ်..

"ရိပေါ်? "

အိပ်ခန်းမှာရော ရေချိူးခန်းထဲမှာရော ပတ်ရှာပြီး မတွေ့တာကြောင့် ရှောင်ကျန့် တယောက်တော်တော်စိတ်ပူသွား တယ်..

"ပေါင်ပေ့?! "

"ဟင်..ကိုကို"

မီးဖိုချောင် ထဲမှာ ရေသောက်နေတဲ့ သဲငယ်က ကျွန်တော့်ကို အံသြတကြီးနဲ့လှည့်ကြည့်တယ်..

"ကိုကို..ကျွန်တော့်ကြောင့်နိုးလာတာလား"

"အင်းပေါ့..ကိုယ် ရိပေါ်က ကိုယ့်ဘေးနားမှာ မရှိတော့ နိုးလာပြီပေါ့"

"ဟီးဟီး"

"ဟီးဟီး လုပ်မနေနဲ့ မနက်ကျ ကျိရန် တို့ မင်္ဂလာဆောင်နော်..လာပြန်အိပ်မယ်"

"ဟုတ်"

ထိုနောက်ရိပေါ် ကို ရှောင်ကျန့် ပွေ့ချီကာအခန်းထဲဝင်သွားပြီး တစ်ယောက်နဲ့ တစ်ယောက်ဖက်ထားကာအိပ်လိုက်ကြသည်။
———

ဒီနေ့ဟာ ကျွန်တော့် အတွက်အိမ်မက်လိုဘဲ.. ချစ်ရတဲ့ ကလေး က ကျွန်တော့် ရှေ့မှာ အလှဆုံးပြုံးပြကာရပ်နေပြီး..

ဖိတ်ထားတဲ့ ဧည့်သည် တချိူ့နဲ့ ကျွန်တော့် သူငယ်ချင်း တချိူ့ကလည်း ပြုံးပြကာဂုဏ်ယူဖွယ် မျက်နှာများနှင့် လက်ခုတ်တီး
ပေးနေကြတယ်.. ဒီအခြေအနေက..ဟုတ်ပါတယ်
ကျွန်တော် နောက်ဆုံးတော့ ကလေးကို ပိုင်ဆိုင် ခွင့်ရခဲ့ပြီ.......<SJY>

နောက်ဆုံးတော့ ကျွန်တော် မျှော်လင့်ထားတဲ့
နေ့လေး ကိုရောက်လာပြီ..
ပါးပါး က ကျွန်တော့်ကို ကိုကို
လက်ထဲ စိတ်ချ လက်ချ ပြုံးပြီး ထည့်ပေးလိုက်ပြီ
ကိုကို ကလည်း ကျွန်တော့်ရဲ့ လက်ကို တယုတယ
နဲ့ ပါးပါး လက်ထဲကနေ တရိုတသေ လွှဲပြောင်းယူခဲ့ပြီ

နောက်ကျရင် ကျွန်တော် တို့အနာဂတ်
ဟင့်အင် ကိုကို ကိုယုံတယ်
ကိုကို ရှိရင် ကျွန်တော် ရှိမယ်
ကိုကို သေဆို သေ
ကိုကို ရှင်ဆို ရှင်
ကျွန်တော်ချစ် သလို ကိုကို ကျွန်တော့်ကို ချစ်တယ်..
ကျွန်တော့် ဆုတောင်းပြည့်ခဲ့ပြီ....<WHX>

THE PAIN  [ Completed ] Where stories live. Discover now