ပင်လယ်ကြီးကိုမျက်နှာမူပြီး လှပစွာခင်းကျင်းထားတဲ့ အနီရောင် ကတ္တီပါ ကောဇော ....ဂုဏ်ပြုရန် တက်ရောက်သူတိုင်းအတွက် ပြုပြင်ပေးထားတဲ့အဖြူရောင် ချစ်စဖွယ် ထိုင်ခုံနှင့် စာပွဲခုံများ..
သူလျှောက်တဲ့ လမ်းတိုင်း နူးညံအောင် ခင်းကျင်းပေးထားသော
နှင်းဆီနီ ပွင့်ချက်များ.. မင်းတို့ သိလား မင်္ဂလာပွဲမှာ သတိုးသမီးနဲ့ သတိုးသားရှေ့က ပန်းကျဲသူက အရင်ထွက်ရလည်းဆိုတာ...
အဓိပ္ပါယ်က နှစ်ယောက်တဘဝ တည်ဆောက်ရင်း ဆူးခင်းထား
တဲ့လမ်းတွေနဲ့ ကင်းဝေးပြီး ပန်းခင်းထား တဲ့ လမ်း ပေါ်မှာ ပျော်"
ရွှင်" လျှောက်လှမ်းနိုင်ဖို့အတွက်တဲ့...ရိပေါ် စိတ်ကို အတက်နိုင်ဆုံးတည်ငြိမ် အောင်ထားကာ
ခန်းမ ထဲ ဝင်လာတယ်...
သူပျော်လား...အမှန်ဘဲ ပျော်တာပေါ့..
သူချစ်တဲ့ သူကို ပိုင်ဆိုင်ရတဲ့အတွက်
ဒါပင်မဲ့ သူကြောက်တယ် ပိုင်ဆိုင်တယ်
အမည်ခံ ဘဲ ရှိမှာကို...———
"ကလေး"
ကျိရန် ပင်လယ်ဖက်ကို ငေးကြည့်နေတဲ့ သူရဲ့ချစ်ရသူလေး ခါးကို အနောက်ကသိုင်းဖက်ကာ ခေါ်လိုက်တယ်။ သူ့ချစ်သူလေးက ဘယ်လိုကြည့်ကြည့်ကို အရမ်းချစ်ဖို့ကောင်းလွန်းတယ်။
"ဗျ"
"ကိုယ်တို့ဘယ်တော့လက်ထက်ကြမလဲ?"
ဒီတခါ ဟောက်ရွမ်း ဘက်က အတော် တိတ်ဆိတ်သွားသည်ကို
ကျိရန် သတိထား မိလိုက်သည်။"မကြာခင်ပေါ့"
ဟောက်ရွမ်း ကျိရန်ဘက်လှည့်ကာ နှုတ်ခမ်းကို အသာနမ်းရင်း
ပြောလိုက်တယ်.. မကြာခင်ပေါ့ ကျွန်တော်ခင်ဗျားကိုယူမှာပါ သေချာပေါက်။——
ရိပေါ်တစ်ယောက် ရှောင်ကျန့်ရှိနေတဲ့ အခန်းထဲကို မဝင်ရဲသေးပဲ အခန်းရှေ့မှာအကြာကြီးရပ်နေသည်။ ငါဝင်သွားတာနဲ့ သူက အဆင်မပြေဖြစ်သွားလောက်လား? အခုဝင်သွားပြီး သူဘာခိုင်းစရာရှိသေးလဲ မေးလိုက်ပြီးရင် ချက်ချင်းပြန်ထွက်လာခဲ့မယိ။ ဟုတ်တယ် အဲ့လိုလုပ်ရမယ်။
"သ...သခင်လေး"
အိပ်ခန်းတခါး အပြင်က ထွက်လာသော မရဲတရဲ အသံလေးကြောင့် ရှောင်ကျန့်ပြုံးလိုက်မိသည်။