"ရိပေါ် ဝမ်ရိပေါ် ...မဟုတ်လားဟင်"ရှောင်ကျန့် ထိုသူရဲ့ ပုခုံးကို ဆုပ်ကိုင်ကာမေးလိုက်သည်...
"ဗျာ .. အကိုလူမှားနေပြီထင်တယ်ဗျ"
"မ...မဟုတ်...ရိပေါ်..ကိုယ်လေကွာ...ကိုယ်..."
"ကိုကို..."
ရှောင်ကျန့် စကားမဆုံး ခင်ထွက်ပေါ် လာတဲ့ အသံဆာဆာလေး
အသံလာရာ ကြည့်တော့ အသက် 20 ဝန်းကျင် အရွယ် ကောင်လေးတစ်ယောက် က ရိပေါ် ရဲ့ လက်မောင်းကို တွဲချိတ်လို့ ရိပေါ် ကလည်းထိုကောင်လေး ရဲ့ ခေါင်းကို တယုတယ ပုတ်ပြီး ပြောလိုက်သေးသည်"ကလေးလေး စားလို့ဝ ပြီလား"
"ဟုတ်..ကိုကို..ကျွန်တော်စားလို့ဝပြီ.."
ဟုဆိုတာကာ ချစ်စရာကောင်းအောင်ပြုံးပြလာသော ကောင်လေး
ရှောင်ကျန့် ကတော့ ထိုနေရာမှာ ပင်မလှုပ်မယှက်..."ရှောင်....အယ်...ရိပေါ်..မင်းတကယ်ရိပေါ် ပါနော်.."
ရှောင်ကျန့် တို့နား ကို ဝူထန် ကရောက်လာပြီ ပြောလေသည်..
"အား....ခင်ဗျားတို့ လူမှားနေပြီ..ကျွန်တော့်က ရိပေါ် မဟုတ်ဘူး..ကျွန်တော့်နာမည်က..."
"ဝူထန်ကော...မဟုတ်လား"
ရိပေါ် စကားကို ဖြတ်ပြောလိုက်သော ကောင်လေးကြောင့် ဝူထန် အကြည့်တွေက ထိုကောင်လေးဆီ ရောက်သွားခဲ့တယ်...
"အာ...ဟို..မင်ယဲ့ကျိူး မလား"(ကျိရန် တို့ မင်္ဂလာဆောင် တုန်းက လူကြီး နဲ့ ကလေး က တွေ့ခဲ့ပါသေးတယ်နော်)
"ဟုတ်...မိတ်ဆတ်ပေးမယ်...ဒါက ကျွန်တော့်ရဲ့ အချစ်ရဆုံး ကိုကို ဖုန်းယဲ့ တဲ့" (ဖုန်းယဲ့ ဆိုတာ အိုင့်ရဲ့ စိတ်ကူးရင် နာမည်သက်သက်ပါနော်)
ယဲ့ကျိူး စကား ကြားပြီး..မျက်နှာ ပျက်သွားတာ ရှောင်ကျန့် နဲ့ ဝူထန် ပင်ရှောင်ကျန့် က မျက်နှာ ပျက်သွားသည်က ရိပေါ်ကြောင့်...ဝူထန် ကရော.. ဘာလို့ မျက်နှာ ပျက်ရတာတုန်း...
"ကလေး အသိတွေလား..."
"ဟုတ်...ဝူထန်ကော နဲ့က နည်းနည်းပါးပါးသိတယ် ကိုကို"