ဂျယ်လီငါးရဲ့ မှတ်စု ( ဖတ်ဖြစ်အောင်ဖတ်ပေးကြပါဗျ )

196 13 0
                                    

Hello ဂျယ်လီငါးပါဗျ။

ဒီ The Pain ဆိုတဲ့ Zhanyi fanfic လေးက ဂျယ်လီငါးရဲ့ အသက် 15 နှစ်အရွယ် လွန်ခဲ့တဲ့ 4 နှစ်ကျော် 5 နှစ်လောက်ကရေးထားတဲ့ ပထမဆုံး Fiction လေးပါ။

မထင်မှတ်ထားအောင်ပဲ ဒီ Fan Fic လေးက 200k views နဲ့ 13k vote ရရှိခဲ့တယ်။ ကိုယ့်ဘာသာပြန်ဖတ်ကြည့်တဲ့အချိန်မှာ တကယ်ပဲ လိုအပ်တာတွေ၊ မပြည့်စုံတာတွေ၊ အများကြီးကိုတွေ့ခဲ့ရတာကြောင့် စာဖတ်သူတွေကို အများကြီး အားနာမိပြီး Plot ကိုသေချာလေး ပြန်ဖာထေးမယ်ဆိုပြီး အချိန်တစ်ခုထိ Unpublic လုပ်ခဲ့ပေမဲ့ အခုသေချာပြန်စဉ်းစားမိတဲ့အခါမှာတော့ စိတ်တမျိူးပြောင်းသွားပါတယ်။

အသက် 15 နှစ်အရွယ် ဂျယ်လီငါးက ဒီ Fanfic လေးကိုရေးတုန်းက အစ်ကိုတို့နှစ်ယောက်အပေါ်ချစ်တဲ့ စိတ်ကလွဲပြီးကျန်တဲ့ Fiction တစ်ပုဒ်ရေးဖို့ လိုအပ်တဲ့ အရည်အချင်းတွေ၊ အသိပညာတွေ တစ်ခုမှမရှိခဲ့ပါဘူး။ အခုရော စာရေးဖို့အတွက်ကုန်ကြမ်းတွေအပြည့်အဝနားလည်ပြီလား ဆို အခုထိလဲ ဂျယ်လီငါးကြိုးစားနေတုန်းပါပဲ။

ဒါပေမဲ့ ဂျယ်လီငါး ဒီ fan fiction လေးကို ပြန်ပြင်တာမျိူးမလုပ်တော့ပါဘူး။ လိုအပ်ချက်တွေအများကြီးရှိနေပေမဲ့ တချို့နေရာတွေမှာ ဖတ်ရတာမကောင်းပေမဲ့ စကားအထအနကောက်တာတွေ စာလုံးပေါင်းတွေမှားနေပေမဲ့ 15 နှစ်အရွယ် ဂျယ်လီငါးက ဒီ FanFic လေးကိုအကောင်းဆုံးကြိုးစားပြီးရေးခဲ့ပါတယ်။

ဘဝမှာ ကိုယ်တိုင် ပထမဆုံး အားစိုက်ထုတ်ပြီး ပြီးမြှောက်ထားတဲ့အရာတစ်ခုဖြစ်လို့ လိုအပ်ချက်တွေရှိနေပင်မဲ့ ဂျယ်လီငါး အနေနဲ့တော့ အသိမှတ်ပြုချင်ပါတယ်။ နောက် Fiction တွေရေးတဲ့အခါမှာလဲ ပထမဆုံးရေးဖူးတဲ့ ဒီ FanFic လေးနဲ့ယှဉ်ပြီး ဘယ်လောက်တိုးတက်လာတယ် ဘာတွေလိုအပ်ချက်ရှိသေးတယ်ဆိုပြီး နှိုင်းယှဉ်ချင်ပါသေးတယ်။

စာဖတ်သူတွေအနေနဲ့လဲ ဒီမကောင်းမကန်း FanFic လေးကိုအချိန်ပေးဖတ်ရှုပေးလို့ အတိုင်းမသိဝမ်းသာမိပြီး ဖတ်ပြီးလို့စိတ်ခုတာ စိတ်ထဲအဆင်မပြေတာတွေရှိခဲ့ရင် ဂျယ်လီငါးက ဒီစာလေးထဲကနေပဲ တောင်းပန်လိုက်ပါတယ်။

ကောင်းသောနေ့ရက်လေးပိုင်ဆိုင်ကြပါစေဗျ။ အကုန်လုံးဂရုစိုက်ကြပါဗျ။ 🩵

THE PAIN  [ Completed ] Where stories live. Discover now