ဒီနေ့ကောင်းကင်ကြီးက လှလိုက်တာ...
ပင်လယ်ပြာ ကြီးကလည်း ပြာလဲ့ပြီး လှိုင်းတွေ ခက် နေလေရဲ့..
ပင်လယ်ပြာကြီးနဲ့ အတူ အပြိုင် ကြည့်ကောင်းနေတဲ့ 31 နှစ်အရွယ်လူလတ်ပိုင်းအရွယ် ကောင်လေး တယောက်လည်းရှိတယ်တဲ့...
သိပ်ကို လှပတဲ့ ပန်းချီကားလေး တချပ်ပေါ့။"ကိုကို...."
ရှောင်ကျန့် ကြားလိုက်ရသော အသံ လေးနှင့်အတူ သူ့ခါးကို လာဖက်တဲ့လက်လေး တစ်စုံ...လွမ်းနေတာပေါ့ မင်းရဲ့ ကိုကို လို့ခေါ်သံလေးကိုမင်းရဲ့ နွေးထွေးမှုတွေ...ယုယမှု တွေကို လွမ်းနေခဲ့တာ..
"ရိပေါ်...ဘာလို့ လက်ရှည် အင်္ကျီဝတ်မလာတာလည်း"
ကိုကို ရဲ့ အလိုမကျဆူပူမှုတွေ ကြား ကနေ ကိုကို ကျွန်တော့်ပေါ် ချစ်တဲ့ အချစ်တွေကို တွေ့နေရတယ်...ကျွန်တော်မရှိ တဲ့ 3 နှစ်လုံး ကျွန်တော့် ကိုဘဲသစ္စာရှိရှိစောင့်နေတဲ့ ကိုကို ကို တကယ် အချစ်ပိုမိပါတယ်...
"ကလေးလေး...ဘာတွေ တွေးနေတာလည်း..."
"လွန်ခဲ့တဲ့ 3 နှစ်....."
ရှောင်ကျန့် ရိပေါ် နှုတ်ခမ်းလေး ပေါ် လက်ညိုးတင်ကာ ပြုံးပြလိုက်သည်။
"ရှူး! အတိတ်ကို အတိတ်မှာဘဲ ထားခဲ့ပါ....အနာဂတ်မှာ မင်းကို ပျော်ရွှင်အောင်ထားမှာမလို့..."
"ချစ်တယ် ကိုကို "
ထိုနောက်ကောင်းကင်ပြာကြီး အောက်က ကောင်လေး နှစ်ယောက် နှုတ်ခမ်း ဟာလည်း ထပ်တူကျသွားလျက်....
တဖက်တွင်လည်း...
"ကျိရန်..."
"ဗျ...ကလေး"
Laptop ကိုဘဲ ကြည့်ကာ သူ့ကို နည်းနည်းလေးမျှ အဖက်မလုပ်သောစူန့်ကျိရန် ဆိုသော သူကို ဝမ်ဟောက်ရွှမ်း အရမ်းပင်သတ်ချင်နေပြီ...
"ကျိရန်....အခု အလုပ်တွေ ခဏထား အုံးလေ..အခုက ရိပေါ် အတွက်အပျော်ခရီး ထွက်လာတာ လေ"
"မရလို့ပေါ့....ကလေးရယ် ကိုယ် အခုလို တွေ လုပ်နေတာ ကလေး အတွက်ပါကွာ"
"ဟွန့်...."
ဆိုကာ ဟောက်ရွမ်း တယောက် ရေချိူးခန်း ထဲဝင်သွားတေယ့သည်..