အခန်း ၅

9K 709 15
                                    


"ဝမ်....ရိ....ပေါ်"

တိတ်ဆိတ်လှတဲ့ ပတ်ဝန်းကျင်အတွင်း ခမ်းနားစွာတည်ရှိနေတဲ့ အိမ်အတွင်းမှ ထွက်ပေါ် လာသော နာမ်စား လေးတစ်ခု....

"လာ...လာပါပြီ သခင်လေး"

"မင်းဘာလို့အဲ့လောက်နောက်ကျနေရတာလည်း"

"နောက်ခါမဖြစ်စေရပါဘူး..သခင်လေး"

"သွားမယ်"

ရှောင်ကျန့် ပြောပြီးတာနှင့် ကားပေါ်သို့တက်သွားတော့သည်...

"ဟူး...."

ရိပေါ် အခုမှပဲ အသက်ရှုချောင်တော့သည်...ထိုနောက် ရှောင်ကျန့် ဘေးခုံသို့သာ ဝင်ထိုင်လိုက်သည်...

ထိုနောက်ကားလေးဟာ...ခမ်းနားလှသော အိမ်တော်ကြီးအတွင်းမှ တရွေ့ရွေ့နှင့်ထွက်ခွာလာခဲ့တော့သည်...

ရိပေါ် ရေချိူးနေရင်း ဝူထန် အကြောင်းတွေးနေခြင်းကြောင့် နောက်ကျနေခြင်းပင်...အခုကားပေါ်မှာလည်း ဝူထန် ဆိုတဲ့ နာမ်စားလေး တလုံးက ခေါင်းထဲဝင်လာပြန်သည် ရိပေါ် မတွေးမိအောင် မျက်လုံးစုံမှိတ်ကာ ခေါင်းကို အနည်းငယ် ခါရမ်းနေမိသည်...

ရှောင်ကျန့် တယောက် ဘေးကကောင်လေးကို ကြည့်ကာ တခုခုကို ဒေါသထွက်နေမိသည်...ခေါင်းခါလိုက် မျက်လုံးမှိတ်လိုက် ပါးစပ်ကပွစိပွစိပြောလိုက်နှင့် ဘယ်သူ့အကြောင်းများတွေးနေပါလေ့...

"ဝမ်ရိပေါ်"

"အောင်မလေး...ဝူထန်"

ရှောင်ကျန့်ရိပေါ် နားနားကပ်ကာ ခေါ်လိုက်ခြင်းကြောင့် အတွေးနယ်ကျွန်နေတဲ့ ရိပေါ် တယောက်လန့်ကာ ပါးစပ်က ရုတ်တရက်ဝူထန် နာမည် ကို ရေရွတ်လိုက်မိသည်...

ရှောင်ကျန့် စိတ်ထဲတော့မတင်မကျဖြစ်သွားသည်...ယောင်တာ ဝူထန် နာမည်နှင့်ယောင်တာဆိုတော့ ဝူထန် အကြောင်းတွေးနေတာလား..ထိုသို့တွေးလိုက်မိတိုင်း ဒေါသထွက်ရသည်...ရိပေါ် မင်းကငါအပိုင် မင်းစိတ်ထဲမှာရော မင်းနှလုံးသား ထဲမှာရော မင်းပါးစပ်က ထွက်တဲ့ တခုတည်းသော နာမည် ကလည်း ရှောင်ကျန့် ဆိုတဲ့ ငါ့ နာမည် ပဲ ဖြစ်ရမယ်...

"ဦးကျိူး ကားခနရပ်"

ရှောင်ကျန့်စကားကြောင့် Driver ဦးကျိူးက ကားကိုရပ်လိုက် တော့ ရိပေါ်က ရှောင်ကျန့်ကိုမျက်လုံးလေးကလယ်ကလယ် နဲ့ကြည့်လာသည်..

THE PAIN  [ Completed ] Where stories live. Discover now