"ရှောင်ကျန့်...."ရှောင်ကျန့် ဟောက်ရွမ်းနဲ့ စကားပြောနေတုန်း အနောက်က သူ့နာမည်ခေါ် သံကြားတော့ လှည့်ကြည့်လိုက်တယ်...
"ငါနဲ့ စကားခန ပြောရအောင်"
"အား....ငကျန့် ငါသွားစရာရှိလို့ အခုမှသတိရတယ် သွားအုံးမယ် bye."
ဝူထန် စကားကြောင့် ဟောက်ရွမ်းက အလိုက်တသိ ပင်ရှောင်ပေးလိုက်သည်..
"ခေါင်းမိုးထပ်သွားရအောင်".
"သဘော..."
ရှောင်ကျန့် ပုခုံး တချက် တွန့်တာ ဝူထန် နောက်က လိုက်သွားလိုက်တယ်..
"ရိပေါ်...."
ခေါင်းမိုးထပ်ရောက် တော့ဝူထန်ပြောတာက
"ရိပေါ် ဒီနေ့ ဘာလို့ ကျောင်းမလာတာလဲ?"
"ဘယ်သိမလည်း"
ရှောင်ကျန့် ပုံခုံးတက်တွန့်ကာ ဖြေလိုက်တယ်..
"ရိပေါ် မှာဘာအပြစ်ရှိလို့လဲ?"
"ဘာ..".
ဝူထန် စကားကို ရှောင်ကျန့် နားမလည်လို့ ပြန်မေးလိုက်တယ်..
"ရိပေါ် အပေါ် ဘာလို့ အခုလို ဆက်ဆံ နေရတာလဲ..."
"ပြောရရင် သူက ငါ့အပိုင်မလို့လေ"
"ရိပေါ် က လူနော် ရှောင်ကျန့် အရုပ်မဟုတ်ဘူး"
"အဲ့တော့..."
ရှောင်ကျန့် အပြင်မှာသာ ပေါ့ပေါ့တန်တန် ဖြေလိုက်ပင်မဲ့ စိတ်ထဲမှာတော့ တခုခု ကို စိုးရိမ်နေသည်မှာ ဧကန်မုချ ပင်..
"ရိပေါ် မင်းကို မုန်းသွားရင်"
"ဟား...မုန်းလို့ မရဘူး.... ဘာလို့လဲသိလား... သူက ငါ့အပိုင်မို့သူမုန်းလဲ ငါဂရုမစိုက်ဘူး...မင်းပြောချင်တာ ဒါပဲ မလား"
ရှောင်ကျန့် ပြောပြီး တာနဲ့ လှည့်ထွက်ရန်ပြင်လိုက်တယ်။
"ရှောင်ကျန့်....မင်း ရိပေါ် ကို ချစ်နေတာလား"
ဝူထန် စကားများကြောင့် ရှောင်ကျန့် ခြေလှမ်းတို့ ရပ်သွားတယ်။ ထိုနောက် ဝူထန် ဖက်သို့ပြန်လှည့်ကြည့်နေပြီး ရှောင်ကျန့်ဘာမှပြန်မဖြေနိုင်သေးခင်မှာပင် ဝူထန်က ပြောလိုက်သည်။