အခန်း ၁၈

4.7K 322 18
                                    


"စုန်ကျိရန်.....!!!"

ကြီးမားတဲ့ အိမ်အတွင်းမှ အခန်းငယ်လေးတစ်ခု၌ ကုတင်ပေါ်၌ ရှုပ်ပွစွာထိုင်နေသော.ကောင်ငယ်လေး အသံဖြစ်သည်...

"ကလေး ဘာဖြစ်တာလည်း"

အေပရွန် နဲ့ ညာဘက်လက်မှာ ယောင်းမကို ကိုင်ထားတဲ့ ကောင်ငယ်လေး တစ်ယောက်က ကပြာကယာ ဝင်လာလျက်...

"ခင်ဗျားကြီး...ဒီနေ့ ကျွန်တော့်ကို နိုးလို့ပြောထားတယ်လေ"

"အား...ကလေးအိပ်နေလို့ ကိုယ် မနိုးရက်လို့ကွာ"

"မရဘူး....ဒီနေ့ ရိပေါ် တို့ သားသားမီးမီး လေးတွေ 5 နှစ်ပြည့်လေ"

"ကလေးရယ်..အခုမှ 8 နာရီဘဲရှိသေးတာ."

"ဟမ်...ဟုတ်လား..10 နာရီမဟုတ်ဘူးလား"

ဟောက်ရွမ်း ပါးစပ်ကလည်းပြောရင်း လက်ကလည်း နာရီကို
လှမ်းယူကြည့်ရင်း...

"ဟုတ်ပါတယ်ကလေး ရဲ့ 8 နာရီ ထိုးဖို့ 10 minutes တောင်လိုသေးတာကို "

"ဟီး... ကျွန်တော် အိပ်ချင်မူးတူးနဲ့ ကြည့်တာမှားသွားတာ"

"ဖြစ်ရတယ်..မြန်မြန် ပြင်ဆင်ပြီး ဆင်းခဲ့ပါဗျ"

"ဟုတ်"

ကျိရန် လည်း ဟောက်ရွမ်း နဖူးကို အသာ နမ်းရင်း လုပ်စရာရှိတာ ပြန်လုပ်ဖို့ အောက်ထပ်ကိုသာ ဆင်းလာခဲ့လိုက်တယ်..

~~~~~~~~~~~~~~~~~

"သမီးလေး...ရှောင်းရီရေ!!"

"Daddy...သမီးကိုခေါ်တာလား"

သာယာတဲ့ မနက်ခင်းတခုမှာ လှပတဲ့ အိမ်ကြီး အတွင်းမှ ယောကျာ်းပီသတဲ့ သြသြရှရှ အသံထွက်လာပြီး နောက်က ထွက်လာသည့် အသံပုစိလေးက တကယ်ပင်နားဝင်ချိူစဖွယ်..

"အင်း...ရှောင်းရီလေး...မောင်လေးရော"

"မထသေးဘူး Daddy"

"သွားနိုးလိုက်အုံး...သမီးလေး"

"ဟုတ်"

ဆိုသည့် အသံပုစိလေး ထွက်လာပြီးနောက် ကြီးမားလှတဲ့ လှေကားကြီးပေါ် ကို လုံးတုံးတုံးလေး အသဲယားစဖွယ် တက်သွား တဲ့ ကလေးငယ်။

"မောင်လေး...ကျန့်ကျန့်"

"ဟင့်..."

ဆိုကာ တဖက်ပြန်လှည့်သွားတဲ့ ကလေးငယ်

THE PAIN  [ Completed ] Where stories live. Discover now